တူရကီ၊ အီစတန်ဘူလ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွား

  • 7 ဇွန် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဗက်စီဆယ်လာ (Vezneciler) ဒေသကို ရဲကား ဖြတ် အသွားမှာ အဝေးထိန်း ခလုတ် နဲ့ ဗုံးကို ဖောက်ခွဲ

တူရကီ နိုင်ငံ မြို့တော် အီစတန်ဘူလ် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့တာကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံး ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

တူရကီ ရဲတပ်ဖွဲ့ ဘတ်စ် ကားကို ဦးတည်ပြီး တိုက်ခိုက် တာဖြစ်ပါတယ်။

အီစတန်ဘူလ် မြို့လယ် က ဗက်စီဆယ်လာ (Vezneciler) ဒေသကို ရဲကား ဖြတ် အသွားမှာ အဝေးထိန်း ခလုတ် နဲ့ ဗုံးကို ဖောက်ခွဲ ခဲ့တာပါ။

လတ်တလော အချိန် အထိ ဗုံးခွဲ တိုက်ခိုက်မှုတွေကို ဘယ်သူတွေက လုပ်ခဲ့သလဲ ဆိုတာ ထုတ်ဖော် ပြော ကြားခြင်း မရှိသေးပါဘူး။

ဓာတ်ပုံ မူပိုင် DHA

တူရကီ နိုင်ငံမှာ ခွဲထွက်ရေး ကို လိုလားတဲ့ ကဒ် လက်နက် ကိုင် အဖွဲ့တွေနဲ့ မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်ပွား နေတာကြောင့် အခြေအနေတွေ တင်းမာ နေပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ အနီးဝန်းကျင် က အခြား လူ ၃၆ ဦးဟာလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက်မှာ သေနတ် ပစ်ခတ် တိုက်ခိုက်သံတွေကိုလည်း ကြားခဲ့ရကြောင်း သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ