ပျောက်ကွယ်သွားတဲ့ ဟိုးဘစ် လူပုကလေးတွေရဲ့ ရုပ်ကြွင်းရှာတွေ့

  • 9 ဇွန် 2016
Hobbit လူပုကလေးပါတဲ့ရုပ်ရှင် ဓာတ်ပုံ မူပိုင် AFP
Image caption Hobbit လူပုကလေးပါတဲ့ရုပ်ရှင်

Hobbit လို့ခေါ်တဲ့ လူပုလေးတွေရဲ့ ဆင်းသက်ရာ ရှေးဘိုးဘေးတွေရဲ့ သက်တမ်း ရသိန်းလောက်ရှိတဲ့ ရုပ်ကြွင်းတွေကို ရှာဖွေတွေ့ရှိတယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။

Natureလို့ခေါ်တဲ့ဂျာနယ်မှာ အသေးစိပ် ဖေါ်ပြထားတဲ့ အချက်တွေအရ လူကြီးနဲ့ကလေးနှစ်ယောက်ရဲ့ အရိုးစုဟာ အသေးငယ်ဆုံးလူမျိုးတမျိုးလောက်ရှိပြီး ၃ပေလောက်မြင့်တယ်လို့ ဆိုပါတယ်။

ဒီမျိုးနွယ်တွေဟာ လွန်ခဲ့တဲနှစ်ပေါင်း ၅သောင်းလောက်က မျိုးတုန်းသွားတာဖြစ်ပါတယ်။

အခြားပိုထွားကျိုင်းတဲ့မူလလူသားတွေကြောင့် ဟိုဘစ်တွေအပျောက်မြန်သွားတာလို့သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။