မိခင်က ကလေး HIV ပိုးကူးတာ ထိုင်း အဆုံးသတ်

  • 8 ဇွန် 2016
aids thai ဓာတ်ပုံ မူပိုင် aids thai
Image caption HIV ကူးစက်ခံ ထိုင်းမိဘမဲ့ ကလေးတွေ

ထိုင်းနိုင်ငံဟာ မိခင်က ကလေးကို HIV ဗိုင်းရပ်ပိုး ကူးစက်တာကို အာရှတိုက်မှာ ပထမဆုံး အမြစ်ဖြတ်နိုင်တဲ့ နိုင်ငံ ဖြစ်လာပြီလို့ WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောကြား လိုက်ပါတယ်။

HIV ဗိုင်းရပ်ပိုး ရှိသူ များပြားတဲ့ ထိုင်းနိုင်ငံဟာ AIDS ရောဂါ ဖြစ်ပွားမှု မရှိတဲ့ မျိုးဆက် ပထမဆုံး ပေါ်ထွန်းလာတဲ့ နိုင်ငံ ဖြစ်လာပြီ လို့လည်း WHO က ပြောပါတယ် ။

HIV ပိုးရှိမရှိ ပုံမှန် စစ်ဆေးပေးတာ နဲ့ ကိုယ်ဝန်ဆောင် တွေ အတွက် ဆေးအခမဲ့ ပေးတာတွေ ကြောင့် မမွေးဖွားရသေးတဲ့ ကလေးကို ရောဂါကူးစက်မှု ကို ရပ်တန့်စေခဲ့ပါတယ်။

ဒီလို မကုသဘဲ ထားရင် မိခင်က ကလေးကို HIV ဗိုင်းရပ်ပိုး ကူးစက်နိုင်မှု က ၄၅ ရာခိုင်နှုန်း ထိ ရှိပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ထိုင်းမှာ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး သိန်းချီရှိ
ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီး

ဒါပေမဲ့လည်း ထိုင်းနိုင်ငံမှာ ကျပန်း လုပ်ကိုင်နေကြတဲ့ သိန်းနဲ့ချီတဲ့ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတွေ နဲ့ ဆိုင်တဲ့ စာရင်းဇယားတွေက WHO စစ်တမ်းမှာ မပါပါဘူး။

၂ဝ၁ဝ က လုပ်တဲ့ ထိုင်း အစိုးရ စစ်တမ်းမှာ ဒီ အမျိုးသမီး တွေမှာ HIV ဗိုင်းရပ်ပိုး ကူးစက်မှုက ၂ ဆ ၃ ဆ ပိုများနေတယ် လို့ ဖော်ပြ ထားပါတယ်။

မြန်မာနဲ့ ကမ္ဗောဒီးယားက လာ အလုပ်လုပ်ကြတဲ့ ဒီဆင်းရဲတဲ့ အမျိုးသမီးတွေမှာ ရောဂါ စစ်ဆေးမှုနဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုတွေ မရကြပါဘူး။

ဘာသာစကား အခက်အခဲ၊ အလုပ်အကိုင် ဆုံးရှုံးမှာကို ပူပန်မှုနဲ့ ရဲနဲ့ အာဏာပိုင်တွေကို စိုးရွံ့မှု တွေကြောင့် သူတို့ ဒီလို စစ်ဆေးရမှာကို တွန့်ဆုတ် နေကြတယ်လို့ UNAIDS အဖွဲ့က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ