ယူရို ဘောလုံးပွဲ မစခင် ပြင်သစ် သပိတ်မရပ်သေး

  • 9 ဇွန် 2016
 france ဓာတ်ပုံ မူပိုင် epa
Image caption စပိန် ဘောလုံးအသင်း ဆိုက်ရောက်လာ

ယူရို ၂ဝ၁၆ ဘောလုံးပွဲ စဖို့ တရက်ပဲ လိုတော့ချိန်မှာ ပြင်သစ် နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အလုပ်သမား သပိတ်တွေ ရပ်တန့်ဖို့ အစိုးရ ဝန်ကြီး တယောက်က တောင်းဆို လိုက်ပါတယ်။

တနိုင်ငံလုံး အဆင့် သပိတ်မှောက်နေကြတဲ့ အတွက် ပြင်သစ် သယ်ယူ ပို့ဆောင်ရေးတွေ ရပ်ဆိုင်းပြီး အမှိုက်တွေလည်း တောင်လို ပုံနေပါတယ်။

ဒီလို အမြဲတမ်း ဖရိုဖရဲ အနေအထားနဲ့ ခေတ်မီ နိုင်ငံ တခု ဆက်သွားလို့ မရဘူးလို့လည်း ပြင်သစ် ပတ်ဝန်းကျင် ဝန်ကြီး Segolene Royal က ဆိုပါတယ်။

ဒီလို သပိတ်မှောက်နေကြလို့ ဘောလုံးပွဲ ဖွင့်ပွဲ အခမ်းအနားတွေ ဖြစ်ဖို့ ခက်ခဲ နေပါတယ်။

ပြင်သစ် အစိုးရ အလုပ်သမား ဥပဒေသစ်ကို ဆန့်ကျင်နေကြတဲ့ အလုပ်သမား သမဂ္ဂတွေဟာ ပြောက်ကြား စနစ်သုံးပြီး အစိုးရကို ခုခံနေတယ် လို့ အားကစား ဝန်ကြီး Patrick Kanner က စွပ်စွဲ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ