ထိုင်းဘုရင် နန်းသက် နှစ် ၇ဝ ပြည့်

  • 9 ဇွန် 2016
thai ဓာတ်ပုံ မူပိုင် re
Image caption ကမ္ဘာ့နန်းသက် အရှည်ဆုံး ထိုင်းဘုရင်

ထိုင်းဘုရင် ဘူမိဘောလ် အဒူလယာဒက်ဂျ်ရဲ့ နန်းသက် နှစ် ၇ဝ ပြည့် အခမ်းအနားတွေ ထိုင်းနိုင်ငံမှာ ဆင်နွှဲ နေကြပါတယ်။

ဘန်ကောက် နန်းတော်နားမှာ သံဃာတော် အပါး ၇၇ဝ ကို ဆွမ်းလောင်းလှူပြီး ဒီအခမ်းအနားတွေ စတင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း သက်တော် ၈၈ နှစ် ရှိနေပြီ ဖြစ်တဲ့ ထိုင်းဘုရင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြည်သူတွေက စိုးရိမ် နေကြပါတယ်။

ကမ္ဘာ့ နန်းသက် အရှည်ဆုံး ဖြစ်တဲ့ ထိုင်းဘုရင် ဘူမိဘော ဒီတပတ်ထဲမှာပဲ နှလုံး သွေးကြောကျဉ်း ရောဂါ အတွက် ခွဲစိတ်မှု ခံယူခဲ့ပါတယ်။ ခွဲစိတ်မှု ရလဒ် ကောင်းမွန်တယ်လို့ပဲ နန်းတော်က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ထိုင်းဘုရင် အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဆွမ်းကပ်
လူထု ချစ်မြတ်နိုး

သူ လူထုကြားထဲ ထွက်လာတာ မတွေ့ရတာလည်း လနဲ့ချီ ကြာနေပါပြီ။

ထိုင်းဘုရင်ကို ထိုင်းနိုင်ငံ ပြည်သူတွေက ချစ်ခင်မြတ်နိုးကြပါတယ်။ နိုင်ငံအပေါ် သူ့ရဲ့ အကျိုးပြုမှု တွေ အပြင် ထိုင်းနိုင်ငံရေးမှာ သူ့ရဲ့ သြဇာညောင်းမှု ကြောင့်လည်း သူ့ကို ဒီလို လေးစားကြတာပါ။

ရာနဲ့ချီတဲ့ ထိုင်းလူမျိုးတွေ နန်းတော်ရှေ့မှာ ဇွန် ၉ ရက်နေ့ မနက်က စုရုံးပြီး ဘုရင့် ကျန်းမာရေး အတွက် ဆုတောင်း ပေးခဲ့ကြပါတယ်။

ဒါပေမဲ့ ထိုင်းဘုရင် မိသားစု နဲ့ ပတ်သက်ပြီး မကောင်းပြောဆိုမှုတွေ မလုပ်ဖို့ ဥပဒေ ထုတ်ပြန်ပြီး တင်းကျပ်စွာ တားမြစ်ထားတာတွေလည်း ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ