လက်မခံနိုင်စရာ ဖိအားတွေ ကုလကို ပေးနေတယ်လို့ ဘန်ကီမွန်းပြော

  • 10 ဇွန် 2016
ban ki moon ဓာတ်ပုံ မူပိုင် AP
Image caption လက်သင့်မခံနိုင်လောက်တဲ့ ဖိအားပေးတာခံ နေရတယ်လို့ ဆို

ယီမင်စစ်ပွဲမှာ ကလေးသူငယ်တွေ အများအပြား ထိခိုက်ခံရတဲ့အတွက် ကုလသမဂ္ဂ က နာမည်ပျက်စာရင်း သွင်းထားခဲ့တဲ့ ဆော်ဒီအာရေးဗီးယား ကို အဲဒီနာမည်ပျက် စာရင်း က နေ ထုတ်ပယ်ပေးဖို့ ဆော်ဒီ အစိုးရ ကနေ လက်သင့်မခံနိုင်လောက်တဲ့ ဖိအားပေးတာတွေ ခံနေရတယ် လို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောပါတယ်။

ဆော်ဒီအာရေးဗီးယား က ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်တွေ က ယီမင်မှာ ဟူသီ သူပုန် တွေ ကို တိုက်ခိုက် နေတာပါ။

တကယ်လို့ ဆော်ဒီ ကို နာမည်ပျက်စာရင်း ကမထုတ်ရင် ကုလသမဂ္ဂရဲ့ အစီအစဉ်တွေ အတွက် ရန်ပုံငွေ ဖြတ်မယ်လို့ ခြိမ်းခြောက်လာကြတဲ့အတွက် ဒီအစီအစဉ် တွေ ကနေ အကျိုးခံစားရမယ့် သန်းပေါင်းများစွာသော ကလေးတွေ ဒုက္ခရောက်ရမယ့်ကိန်းဆိုက်နိုင်တယ် လို့ မစ္စတာ ဘန်ကီမွန်း က ပြောပါတယ်။

ဆော်ဒီအာရေးဗီးယား အစိုးရ ကတော့ သူတို့ ကုလသမဂ္ဂကို ဘာမှ ဖိအားပေးထားတာ မရှိဘူး လို့ ငြင်းပါတယ်။