မိုဟာမက် အလီရဲ့ ဈာပန ကျင်းပ

  • 10 ဇွန် 2016
ali ဓာတ်ပုံ မူပိုင် Reuters
Image caption လမ်းမှာ ထောင်နဲ့ ချီတဲ့ လူတွေက ကြိုဆို

ကမ္ဘာကျော် လက်ဝှေ့ သမားကြီး မိုဟာမက် အလီ ရဲ့ဈာပန အခမ်း အနားကို ဒီကနေ့မှာ သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ ကန်တက်ကီ ပြည်နယ် လူးဝစ်ဗီးလ် မြို့မှာ ကျင်းပ နေပါတယ်။

ပြီးခဲ့တဲ့ တပတ်မှာ မိုဟာမက် အလီဟာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ် ရှိပါပြီ။

ဈာပန အခမ်းအနား ကျင်းပ မယ့် လူးဝစ်ဗီးလ် မြို့ က အားကစားကွင်း ကို သွားရောက် ရာခဲ့ကြပါတယ်။

မိုဟာမက် အလီရဲ့ ဈာပန အခမ်းအနားမှာ အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန်က ဝမ်းနည်း စကား ပြောကြား မှာဖြစ်ပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ မွတ်စလင် ထုံးစံ ဝတ်ပြု ပွဲကိုတော့ ထောင်နဲ့ချီတဲ့ လူတွေ တက်ရောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ