အကြမ်းဖက်လို့ ယူဆရသူ ကိုးရာကျော်ဖမ်း

  • 10 ဇွန် 2016
bangladesh ဓာတ်ပုံ မူပိုင် AP
Image caption အကြမ်းဖက်မှုနဲ့ အလိုရှိတဲ့ အစွန်းရောက် တွေကို ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အစွန်းရောက် အကြမ်းဖက် သမား လို့ ယူဆ ရသူ လူ ကိုးရာကျော် ကို ရဲ အဖွဲ့ဝင် တွေက ဖမ်းဆီး ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက ဘာသာရေး ခေါင်းဆောင်တွေ နဲ့ လူနည်း စု ဘာသာခြားတွေ သတ်ဖြတ် ခံရပြီးနောက်မှာ အခုလို ဖမ်းဆီး မှုတွေကို စတင် ခဲ့တာ ဖြစ်ပါတယ်။

ဇါန်လ ၉ ရက်နေ့က လည်း နိုင်ငံမြောက်ပိုင်း က ပက်ဘနာ ဒေသမှာ ရှိတဲ့ ဟိန္ဒူ ဘုရားကျောင်း အလုပ်သမား တဦး ခေါင်းဖြတ် သတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တပတ်မှာလည်း ဟိန္ဒူ ဘုန်းတော်ကြီး တပါး၊ ခရစ်ယန် ဘာသာဝင် စီးပွားရေး လုပ်ငန်းရှင် တဦး နဲ့ ရဲတပ်ဖွဲ့ အကြီးအကဲ တဦး ရဲ့ ဇနီး တို့လည်း သတ်ဖြတ် ခံခဲ့ရပါတယ်။

အကြမ်းဖက် သတ်ဖြတ်မှုတွေ နဲ့ ပတ်သက်လို့ အလိုရှိနေတဲ့ အစွန်းရောက် အယူအဆ ရှိသူတွေကို ဖမ်းဆီး ရမိပြီလို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ