ရွှေ့ပြောင်း ဒုက္ခသည် တွေ ပြည့်တန်ဆာဖြစ်

  • 10 ဇွန် 2016
migrants greece ဓာတ်ပုံ မူပိုင် EPA
Image caption ဂရိမှာ ရွှေ့ပြောင်း ဒုက္ခသည်တွေ စုပုံနေ

ဂရိ နိုင်ငံ အေသင် မြို့မှာ ရောက်ရှိနေတဲ့ ငယ်ရွယ်သူ ရွှေ့ပြောင်း ဒုက္ခသည် တွေဟာ ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင် နေကြရကြောင်း ဘီဘီစီက စုံစမ်း သိရှိရပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ ဥရောပ မြောက်ပိုင်း ကို သွားရောက် လိုကြတာ ဖြစ်ပေမယ့် နယ်စပ် စည်းမျဉ်း ဥပဒေ သစ်ကြောင့် ဂရိ နိုင်ငံမှာ သောင်တင် နေကြတာ ဖြစ်ပါတယ်။

သူတို့ဟာ အလုပ်လုပ်ကိုင်ခွင့်လည်း မရှိတာကြောင့် ဝင်ငွေမဲ့ ဖြစ်နေရပြီး ရရာ အလုပ် ဖြစ်တဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

၁၀ ဒေါ်လာ ရဖို့ အတွက် အသက်အရွယ် ကြီးရင့်သူ အမျိုးသား တဦး နဲ့ လိင် ဆက်ဆံ မှု လုပ်ခဲ့ရကြောင်း အီရန် အမျိုးသား ငယ် အေဇက် က ပြောပါတယ်။

အေသင် မြို့က ပန်းခြံတွေမှာ ရွှေ့ပြောင်း ဒုက္ခသည်တွေဟာ လိင်လုပ်ငန်း လုပ်ကိုင်ဖို့ စောင့်မျှော် နေတာကို တွေ့မြင် ခဲ့ရ ကြောင်း ဘီဘီစီ သတင်းထောက် က ပြောကြားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ