မဆလာ စင်ရော်

  • 10 ဇွန် 2016
Masala Seagull ဓာတ်ပုံ မူပိုင် PA
Image caption မဆလာအိုးထဲရောက်သွားတဲ့ စင်ရော် (ဓာတ်ပုံ Vale Wildlife Hospital)

ဝေလပြည်နယ် အရှေ့ဖက်ပိုင်းမှာတော့ စင်ရော်တစ်ကောင် ဟင်းချက်ဖို့ပြင်ထားတဲ့ မဆလာအိုးထဲ ကျသွားလို့ မြင်ရတဲ့အတိုင်း မဆလာစင်ရော် ဖြစ်သွားခဲ့ပါတယ်။

အဲဒီစင်ရော်ဟာ ဟင်းအိုးထဲက အသားတုံးတစ်တုံးကို နှိုက်ဖို့ ကြိုးစားရင်း အိုးထဲကျသွားတာပါ။

တော်သေးတာက ဟင်းအိုးက မီးဖိုပေါ်မှာ မဟုတ်ပဲ ပြင်ထားတုန်းမို့ ဖြစ်ပါတယ်။

အနားက အလုပ်သမားတွေက သူ့ကို တိရိစ္ဆာန်ဆေးရုံကို ခေါ်သွားပြီး ဆေးကြောသန့်စင်ပေးလိုက်တော့ မြင်ရတဲ့ အတိုင်း ပြန်ပြီး သန့်လို့ တောက်ပြောင်သွားပါတယ်။

စင်ရော်မူလ အသရေပြန်ရသွားပေမယ့် မဆလာနံ့တော့ ဖျောက်လို့ မရခဲ့ဘူးလို့ ဆေးရုံဝန်ထမ်းတွေက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် PA
Image caption ရေချိုးအပြီး ပြန်သန့်သွားပါပြီ(ဓာတ်ပုံ Vale Wildlife Hospital)