အမေရိကန် အဆိုတော် ပစ်သတ် ခံရ

  • 11 ဇွန် 2016
ဓာတ်ပုံ မူပိုင် a
Image caption THE VOICE မှာ ပါဝင် ယှဉ်ပြိုင် ခဲ့ပြီးနောက် နာမည်ကျော်ကြား လူကြိုက် များ ခဲ့သူ

အမေရိကန် အဆိုတော် ခရစ်စတီးနား ဂရင်မီ ဟာ အော်လန်ဒို မြို့မှာ ပရိသတ် တွေကို အမှတ်တရ လက်မှတ် ထိုးပေးနေစဉ် သေနတ် နဲ့ ပစ်သတ် ခံရလို့ ကွယ်လွန် ခဲ့ပါတယ်။

သူမဟာ အမေရိကန် နိုင်ငံမှာ လုပ်တဲ့ THE VOICE မှာ ပါဝင် ယှဉ်ပြိုင် ခဲ့ပြီးနောက် နာမည်ကျော်ကြား လူကြိုက် များ ခဲ့သူ လည်း ဖြစ်ပါတယ်။

သေနတ် သမား ဟာ အဆိုတော် ခရစ်စတီးနား ဂရင်မီ ကို ပစ်သတ် ခဲ့ပြီးနောက် သူ့ကိုယ်သူ ပစ်ပြီး သတ်သေ ခဲ့တယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။

သံသယရှိသူ တရားခံက လမ်းလျှောက်လာပြီး ခရစ်စတီးနား ကို ပစ်ခတ် သွားတာပါ။

The Voice America အဖွဲ့ က ခရစ်စတီးနားဟာ ထူးခြားတဲ့ အသံပိုင်ရှင် ဖြစ်ပြီးတော့ သူ ကွယ်လွန် ခဲ့ရတဲ့ အတွက် ဝမ်းနည်း မိကြောင်း ကြေညာ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ