ဗင်နီဇွဲလား သမ္မတကို ဖယ်ရှားရေး ဆန္ဒခံယူပွဲ လုပ်ဖို့ အတိုက်အခံတွေ ကြိုးစားနေ

  • 11 ဇွန် 2016
_venezuelas_president_nicolas_maduro ဓာတ်ပုံ မူပိုင်
Image caption သမ္မတ မာဒူရိုကိုဖြုတ်ချရေး ဆန္ဒခံယူ ပွဲ ကျင်းပဖို့ တောင်းဆို ထားသူ ၁ သန်း ၃ သိန်း ကျော်ရှိ။

ဗင်နီဇွဲလား နိုင်ငံမှာ လက်ရှိ သမ္မတ နီကိုးလပ်စ် မာဒူရိုကို နေရာက ဖယ်ရှားရေး အတွက် ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ကျင်းပပေးဖို့ သမ္မတ လောင်း အဖြစ် ရွေးကောက်ပွဲ ဝင်ဖူးတဲ့ အင်နရီကေး ကာပရီးလက်စ် အပါအဝင် နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်တွေ လက်မှတ် ရေးထိုး တောင်းဆို ခဲ့တဲ့ စာဟာ တရားမဝင်ဘူး ဆိုပြီး အကြေညာ ခံလိုက် ရတယ်လို့ အတိုက်အခံတွေ ဘက်က ပြောပါတယ်။

ဒါဟာ ရွေးကောက်ပွဲ ကောင်စီ အဖွဲ့က သမ္မတ မာဒူရို အစိုးရ အဖွဲ့နဲ့ ပူးပေါင်းပြီး ပြည်လုံးကျွတ် ဆန္ဒ ခံယူပွဲ ဖြစ်မလာ အောင် ကြံရွယ်ချက် ရှိရှိ လုပ်ဆောင် နေတာ ဖြစ်တယ် လို့လည်း အတိုက်အခံတွေက ဆိုပါတယ်။

ဆန္ဒခံယူ ပွဲ ကျင်းပဖို့ တောင်းဆို ထားသူ ၁ သန်း ၃ သိန်း ကျော် ထဲက အရေအတွက် ၆ သိန်း ကျော် ကိုလည်း လိုအပ်တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မပါလို့ ဆိုပြီး သူတို့ရဲ့ လက်မှတ်တွေကို ထည့်သွင်း မစဉ်းစားဖို့ ဗင်နီဇွဲလား အမျိုးသား ရွေးကောက်ပွဲ ကောင်စီ က ပြီးခဲ့တဲ့ သောကြနေ့က ဆုံးဖြတ် ခဲ့ကြ ပါသေးတယ်။

ကျန်သူတွေကတော့ သူတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာ လူတွေ့ အစစ်ခံဖို့ အတွက် သက်ဆိုင်ရာ ဒေသ ရွေးကောက်ပွဲ ကောင်စီ ရုံးတွေကို အခုလ နှောင်းပိုင်းကျရင် သွားကြရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ