ရုရှ ဘောလုံး အဖွဲ့ချုပ်ကို အရေးယူဖို့ UEFA စုံစမ်း

  • 12 ဇွန် 2016
ဓာတ်ပုံ မူပိုင် PA
Image caption ရုရှ ပရိသတ် တွေ ကို စုံစမ်း အရေးယူ သွားမယ်လို့ UEFA က ပြော

အင်္ဂလန် ဘောလုံး အသင်း ပရိသတ်တွေ နဲ့ ရုရှ အသင်းကို အားပေး သူတို့ အကြား ခိုက်ရန် ဖြစ်ပွား ခဲ့မှုကို UEFA ဥရောပ ဘောလုံး အဖွဲ့ချုပ်က ပြင်းပြင်း ထန်ထန် ရှုံ့ချ ပြစ်တင် ခဲ့ပါတယ်။

အင်္ဂလန် နဲ့ ရုရှ အသင်းတို့ ရဲ့ ယူရို ၂၀၁၆ အုပ်စု ပွဲစဉ်အပြီးမှာ တိုက်ခိုက်မှု တွေ ပြုလုပ် ခဲ့ကြတဲ့ ရုရှ ပရိသတ် တွေ ကို စုံစမ်း အရေးယူ သွားမယ်လို့ UEFA က ပြောပါတယ်။

မနေ့က ပြင်သစ် နိုင်ငံ မာဆေး မြို့မှာ ကျင်းပ ခဲ့တဲ့ ဘောလုံးပွဲ အပြီးမှာ ရုရှ ပရိသတ်တွေဟာ အင်္ဂလန် ပရိသတ်တွေကို တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘောလုံးပွဲ မကစားခင် အချိန်မှာလည်း ကွင်း အပြင်ဘက် မာဆေး မြို့ထဲမှာ နှစ်ဘက် ပရိသတ်တွေ ခိုက်ရန် ဖြစ်ပွား ခဲ့တဲ့ အတွက် ရဲတွေ က မီးသတ် ပိုက်တွေ၊ မျက်ရည်ယို ဗုံးတွေ အသုံးပြုပြီး ဖြိုခွင်း ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ