အမေရိကန် အော်လန်ဒို ပစ်ခတ်မှု အနည်းဆုံး လူ ၅၀ သေဆုံး

  • 12 ဇွန် 2016
ဓာတ်ပုံ မူပိုင် epa
Image caption ဒေသစံတော်ချိန်မနက်၂နာရီလောက်မှာ တိုက်ခိုက်မှု စဖြစ်တာပါ

အမေရိကန် နိုင်ငံ အော်လန်ဒိုမြို့က နိုက် ကလပ် တစ်ခု မှာ ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၅၀ သေဆုံး ခဲ့ရပြီး အတော်များများ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

အော်လန်ဒို ရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်သူ ဂျွန်မီနာ က သေနတ် သမား နဲ့ ရဲတပ်ဖွဲ့ တို့ အကြား အပြန်အလှန် ပစ်ခတ် မှုတွေ ဖြစ်ခဲ့ပြီး နောက် သေနတ် သမား သေဆုံး ခဲ့ပါတယ်။ သူ့မှာ တိုက်ခိုက်ရေး ရိုင်ဖယ် သေနတ် နဲ့ အခြား လက်နက် တွေလည်း သယ်ဆောင်လာတာ တွေ့ရပါတယ်လို့ ပြောကြား ပြီး အကြမ်းဖက် လုပ်ရပ် ဖြစ်တယ်လို့ ပြောပါတယ်။

သေနတ် သမားဟာ တိုက်ခိုက်မှုတွေကို တစ်ကိုယ်တော် ပြုလုပ် ခဲ့တာ ဖြစ်ပြီး အော်လန်ဒို ဒေသခံ မဟုတ်ဘူးလို့ ပြောကြား နေပါတယ်။ အော်လန်ဒို မြို့တော်ဝန်က ဒေသတစ်ခု လုံးကို အရေးပေါ် အခြေအနေ အဖြစ် ကြေညာ ခဲ့ပါတယ်။

လိင်တူချစ်သူများရဲ့ Pulse လို့အမည်ရတဲ့ နိုက်ကလပ်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွား ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုတွေကို အိုမာ မတင်း ဆိုသူက လုပ်ခဲ့တာလို့ တာဝန်ရှိသူ တွေက ပြောကြားပါတယ်။

နောက်ပြီး ဗုံးရှာဖွဲရေးအဖွဲ့တွေလည်းအဲဒီနေရာကိုရောက်ရှိလာပြီး ထိန်းချုပ်တဲ့စနစ်နဲ့ ဗုံးဖေါက်ခွဲတဲ့အသံတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ဒေသစံတော်ချိန်မနက်၂နာရီလောက်မှာ အခုလိုတိုက်ခိုက်မှု စဖြစ်တာပါ။

အမေရိကန်မှာ ၂၀၁၅ခုနှစ်အတွင်းလူ၄ယောက်ထက်မနည်းသေဆုံးတဲ့ သေနတ်ပစ်မှုပေါင်း ၃၇၀ကျော်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၄၇၅ယောက်သေဆုံးခဲ့ပါတယ်။ လူပေါင်း၁၉၀၀၀ လောက်လည်းဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့တုန်းက အော်လန်ဒိုမြို့မှာပဲ အသက်၂၂ နှစ်အရွယ် အဆိုတော်Christina Grimmie ကို ဂီတဖျော်ဖြေပွဲတခုမှာ ပစ်သတ်ခံရပြီးနောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုဖြစ်ပွားတာပါ။

အဆိုတော် Christinaဟာ ပရိသတ်တွေကို အမှတ်တရ လက်မှတ် ရေးထိုး လက်မှတ်ထိုးပေးနေတုန်းအသက် ၂၆နှစ်အရွယ် Kevin James Loiblဆိုသူကပစ်သတ်လိုက်တာဖြစ်ပြီး သေနတ်သမားဟာ သူ့ကိုသူပစ်သတ်လိုက်ပါတယ်။

အခုနောက်ဆုံ နိုက်ကလပ်ပစ်ခတ်မှုမှာလည်း သေနတ်သမားသေဆုံးသွားတယ်လို့ အော်လန်ဒိုရဲ့အဖွဲ့ရဲ့ လူမှုကွန်ယက်မှာဖေါ်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ