မာဆေး ရန်ပွဲထဲ ပါဝင်ခဲ့တဲ့ အင်္ဂလန် ပရိသတ် ၆ ဦးကို ပြင်သစ် ထောင်ချ

russia_violence
Image caption တိုက်ခိုက်မှုတွေ အုံကြွ ဖြစ်ထွန်း လာအောင် သေချာ လေ့ကျင့် ထားတဲ့ ရုရှား ဘောလုံး သွေးကြွ အယောက် ၁၅ဝ က စီမံ ခဲ့။

ယူရို ၂ဝ၁၆ ဘောလုံးပွဲ ကာလ ခိုက်ရန် ဖြစ်ပွားမှုတွေ အတွင်း ပါဝင် ပတ်သက်ခဲ့လို့ ဆိုပြီး အင်္ဂလန် အသင်း ပရိသတ် ၆ ဦး ကို ပြင်သစ် တရားရုံးက ထောင်ဒဏ် တစ်နှစ်နဲ့ သုံးလ ချမှတ် လိုက်ပြီး၊ ပြင်သစ် နိုင်ငံကို လာရောက်ခွင့်လည်း ၂ နှစ် ပိတ်ပင် လိုက်ပါတယ်။

မာဆေးမြို့မှာ အင်္ဂလန်နဲ့ ရုရှား ပရိသတ်တွေကြား ရန်လို တိုက်ခိုက်မှုတွေ ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

အခုလို သွေးဆူ ပေါက်ကွဲပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေ အုံကြွ ဖြစ်ထွန်း လာအောင် သေချာ လေ့ကျင့် ထားတဲ့ ရုရှား ဘောလုံး သွေးကြွ အယောက် ၁၅ဝ က စီမံ ခဲ့တာ ဖြစ်တယ် ဆိုပြီး ပြင်သစ် အစိုးရ ရှေ့နေတွေက ပြောထား ပါတယ်။

ဒါပေမယ့် အဲဒီ့ထဲက တစ်ဦး တစ်ယောက်ကိုမှ တော့ မဖမ်းမိ လိုက်နိုင်ဘူးလို့ မာဆေးမြို့ တရားရေး ဌာန အကြီးအကဲ ဘရပ်စ် ရော်ဘင်က ဝန်ခံ ခဲ့ပါတယ်။

ဘောလုံးကွင်းထဲ ပြေးဝင်ခဲတဲ့ ရုရှား အသင်း ပရိသတ် ၂ ယောက်ကိုတော့ ပြင်သစ် အာဏာပိုင်တွေ ဖမ်းဆီး ခဲ့ပါတယ်။

အခု သီတင်းပတ် နှောင်းပိုင်း ကျရင် အင်္ဂလန်နဲ့ ရုရှားတို့ ပါဝင်နေတဲ့ အုပ်စု ဘီပွဲတွေ ကျင်းပမယ့် လီလ် မြို့မှာ ပြဿနာတွေ ထပ်မံ ပေါ်ပေါက်လာမှာကို စိုးရိမ် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ