တောင်ကိုရီးယား နစ်မြုပ် သင်္ဘော ပြန်ဆယ်

  • 13 ဇွန် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ရေအောက် မီတာ ၄၀ အနက်ရှိတဲ့ ပင်လယ် ကြမ်းပြင်မှာ ရှိနေခဲ့

တောင်ကိုရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ ၂ နှစ်က နစ်မြုပ်ခဲ့တဲ့ ဖယ်ရီ သင်္ဘော ဆယ်တင်ရေး လုပ်ငန်းတွေ စတင်နေပြီဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဧပြီ လ က သင်္ဘော နစ်မြုပ်ခဲ့မှုမှာ နစ်မြုပ်မှုမှာ ကျောင်းသား ကလေးငယ်တွေ အပါအဝင် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

နစ်မြုပ်ခဲ့တဲ့ သင်္ဘောဟာ တောင်ကိုရီးယား နိုင်ငံရဲ့ အနောက်တောင် ကမ်းခြေ အနီး ရေအောက် မီတာ ၄၀ အနက်ရှိတဲ့ ပင်လယ် ကြမ်းပြင်မှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။

သင်္ဘော ဆယ်တင်တဲ့ လုပ်ငန်းကို သေဆုံးသူ တချို့ရဲ့ မိသားစုတွေက စောင့်ကြည့် ခဲ့ကြပါတယ်။

ပျောက်ဆုံး နေတဲ့ အလောင်း ၉ လောင်း ကို သင်္ဘောပေါ်မှာ ပြန်လည် တွေ့ ရှိနိုင်ဖို့ လူတွေက မျှော်လင့်နေပါတယ်။

သင်္ဘော ဆယ်ယူရေး လုပ်ငန်းဟာ ဒေါ်လာ ၇၃ သန်း ကုန်ကျမှာ ဖြစ်ပြီး တရုတ် ကုမ္ပဏီ တစ်ခု က ဦးဆောင် ဆယ်ယူမယ်လို့ ပြီးခဲ့တဲ့ နှစ်မှာ တောင်ကိုရီးယား တာဝန် ရှိသူတွေက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ