နယူးဇီလန်မှာ ထောပတ်သီးရှား

  • 15 ဇွန် 2016
avocado
Image caption အာဟာရ ပြည့်ဝ လူကြိုက်များတဲ့ ထောပတ်သီး

နယူးဇီလန် မှာ ရာသီဥတု မကောင်းလို့ ထောပတ်သီး အထွက်နည်းနေပါတယ်။

ထောပတ်သီး ရှားလို့ မကြုံဖူးတဲ့ ရာဇဝတ်မှုခင်းတွေ ပေါ်နေပါတယ်။

ခြံတွေမှာ လစ်သလို ဝင်ခိုးပြီး ပြန်ရောင်းစားနေသူတွေ ရှိတယ်လို့ နယူးဇီလန် ရဲက ပြောပါတယ်။

နိုင်ငံ မြောက်ပိုင်း ကျွန်း ပေါ်မှာ ထောပတ်သီးတွေ ကားစီးလိုက် ပျောက်နေပြီး ခိုးမှု ၄ဝ ထိ ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာကို တိုးတက် တင်ပို့မှုတွေနဲ့ အတူ ထောပတ်သီး အထွက်နည်းတာကြောင့် တချို့ ကုန်တိုက်တွေမှာ တလုံး အမေရိကန် ဒေါ်လာ ၄ ဒေါ်လာကျော်ဖိုးထိ ပေးဝယ်နေရပါတယ်။