အိုဘားမားနဲ့ ဒလိုင်းလားမားတွေ့မှာ တရုတ်ကန့်ကွက်

  • 15 ဇွန် 2016
lama ဓာတ်ပုံ မူပိုင် AP
Image caption အဝေးရောက် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား

အမေရိကန် သမ္မတ အိုဘားမားနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ တွေ့ဆုံမယ့် အစီအစဉ်နဲ့ပတ်သက်ပြီး တရုတ် အစိုးရက တရားဝင်ကန့်ကွက်လွှာတစောင် ကြေညာချက်ထုတ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် သံရုံးဆီကို တရားဝင် ကန့်ကွက်ကြောင်း ပေးပို့ခဲ့ပြီ ဖြစ်ပါတယ်။

တိဘက်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်ပြီး ပြည်ပ နိုင်ငံအနေနဲ့ ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူးလို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ လုကန်က ပြောသွားပါတယ်။

သမ္မတ အိုဘားမားနဲ့ တိဘက် ဘာသာရေး ခေါင်းဆောင် တို့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ အိမ်ဖြူတော်မှာ သီးသန့် တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

တရုတ်အစိုးရနဲ့ သံတမန် ဆက်ဆံရေးကို ထိန်းသိမ်းတဲ့အနေနဲ့ အခုလိုတွေ့ဆုံမှုမှာ အိမ်ဖြူတော်က မီဒီယာတွေကို သတင်းယူခွင့် ပိတ်ပင်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ