ပြင်သစ် ယူရို ၂ဝ၁၆ လုံခြုံရေး တင်းကျပ်

  • 15 ဇွန် 2016
euro ဓာတ်ပုံ မူပိုင် AP
Image caption ရုရှနဲ့ အင်္ဂလန် ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့

ဗုဒ္ဓဟူးနေ့ လီလ်မြို့မှာ ကျင်းပမယ့် ရုရှနဲ့ ဆလိုဗက်ကီးယား ယူရို ၂ဝ၁၆ ဘောလုံး ပွဲ မတိုင်ခင်မှာ ပြင်သစ် အာဏာပိုင်တွေက လုံခြုံရေး တိုးမြှင့်ထားပါတယ်။

မြို့ထဲမှာ ရဲတွေ အပြည့် ချထားမယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

မာဆေးမှာ ကန်တဲ့ ပွဲတုန်းက အင်္ဂလန် အသင်း ပရိသတ်တွေနဲ့ ရန်ဖြစ်ခဲ့ကြပြီးနောက် အခု တခါ ထပ်ဖြစ်ရင် ပွဲက အထုတ်ခံရမယ်လို့ ရုရှ အသင်းကို သတိပေးထားပါတယ်။

ကြာသပတေးနေ့ Lens မြို့မှာ ကန်မယ့် ပွဲ မတိုင်ခင် ထောင်နဲ့ချီတဲ့ အင်္ဂလန် အသင်း ပရိသတ်တွေ အနီးက လီလ်မြို့မှာ လာပြီး စုရုံး နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ