မိချောင်းဆွဲခံရတဲ့ ကလေး အလောင်းပြန်တွေ့

  • 16 ဇွန် 2016
Florida alligator ဓာတ်ပုံ မူပိုင် AP
Image caption ဖလော်ရီဒါမှာ မိချောင်းတွေ အများကြီးရှိ

အမေရိကန် နိုင်ငံ ဖလော်ရီဒါ ပြည်နယ်မှာ မိကျောင်း ဆွဲ ခံခဲ့ရတဲ့ နှစ်နှစ် သားလေး ရဲ့ အလောင်း ကို ရှာဖွေ တွေ့ ရှိရပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

နှစ်နှစ် သား လေး လိန်းဂရေ့ဗ်ဟာ မိဘတွေနဲ့ အတူ ဖလော်ရီဒါ က Walt Disney အပန်းဖြေ စခန်းက ရေအိုင်ရဲ့ အစပ်မှာ ဆော့ကစား နေတုန်း မိကျောင်းက ကိုက်ချီ သွား ခဲ့တာ ဖြစ်ပါတယ်။

မိကျောင်းဆွဲ ခံရတဲ့ အချိန်မှာ ဖခင် ဖြစ်သူက ကယ်တင်ဖို့ ကြိုးစားပေမယ့်လည်း မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။ ကလေးငယ် ရဲ့ အလောင်း ကို ရေငုပ် ရှာဖွေ သူတွေ က ပြန်လည် ရှာဖွေ တွေ့ ရှိခဲ့ရတာ ဖြစ်ပြီး အလောင်းဟာ ပုံမပျက် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံး ရှိနေတာ တွေ့ရတယ်လို့ ရဲတွေက ပြောပါတယ်။

ကလေးငယ်ကို မိကျောင်း ကိုက်ချီ သွားတဲ့ အချိန်က စတင်ပြီး အလောင်းပြန်လည် ရရှိဖို့ အတွက် မိကျောင်း ငါးကောင် ကို ဖမ်းဆီး သတ်ဖြတ်မှုတွေ ပြုလုပ် ခဲ့ပါတယ်။