တားမြစ်ဆေးသုံးမသုံး စစ်ဆေးမှုကို ရုရှားဟန့်တားလို့ဆို

  • 16 ဇွန် 2016
Russia doping ဓာတ်ပုံ မူပိုင် PA
Image caption အားကစားသမားတွေ တားမြစ်ခံရနိုင်

ရုရှ နိုင်ငံက အားကစားသမားတွေကို တားမြစ်ဆေး သုံးစွဲမှု ရှိမရှိ စစ်ဆေးဖို့ ဆောင်ရွက်ရာမှာ တာဝန်ရှိသူတွေက ဟန့်တား နေကြောင်း နိုင်ငံတကာ တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့ကြီး WADA က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက နိုင်ငံတကာ တားမြစ်ဆေးသုံးစွဲမှု ဆန့်ကျင်ရေးအဖွဲ့ ရဲ့ ဝန်ထမ်းတွေကို ရုရှ နိုင်ငံရဲ့ လုံခြုံရေး အဖွဲ့တွေက ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ကြောင်း WADA ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တားမြစ်ဆေး သုံးစွဲမှု ရှိမရှိ စစ်ဆေးဖို့ နမူနာ ယူထားတဲ့ ဆီးနဲ့ သွေး တွေ ကို လည်း ရုရှ တာဝန်ရှိသူတွေက ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ထားကြောင်း နိုင်ငံတကာ တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေး အဖွဲ့က ပြောပါတယ်။

ရုရှားအားကစားဝန်ကြီး Vitaly Mutko ကတော့ သူ့အားကစားသမားတွေကို ဝါဒါအနေနဲ့ ကြိုက်တဲ့နေရာမှာ ဆေးစစ်ဖို့ အကူအညီပေးမယ်လို့ပြောသွားပါတယ်။

ရုရှ နိုင်ငံက အားကစား သမားတွေ လာမယ့်လမှာ စတင်ပြုလုပ်တော့မယ့် ဘရာဇီး အိုလံပစ်မှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ နိုင်ငံတကာ ပြေးခုန်ပစ် အားကစားအဖွဲ့ကြီးက ခွင့်ပြု မပြု ဆုံးဖြတ်ချက် မချခင် တစ်ရက် အလိုမှာ အခုလို စွပ်စွဲ ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။