အမတ် သတ်ဖြတ်မှု လူဖြူ ကြီးစိုးရေးနဲ့ ဆက်စပ်နိုင်

  • 17 ဇွန် 2016
cox
Image caption ဂျိုး ကောက်စ် သတ်ဖြတ်ခံရမှု ပါလီမန်နားမှာ ပန်းစည်းချ

အင်္ဂလန် မြောက်ပိုင်းမှာ လေဘာ အမျိုးသမီး လွှတ်တော်အမတ် တယောက် သတ်ဖြတ် ခံရမှု ဟာ အမေရိကန် လူဖြူ ကြီးစိုးရေး အဖွဲ့တခုနဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

မစ္စစ် ဂျိုး ကောက်စ် ကို သတ်ဖြတ်သူလို့ ယူဆ ထားတဲ့ Thomas Mair ဟာ ဒီအဖွဲ့က ထုတ်တဲ့ လက်စွဲ စာအုပ်ကို ဖတ်ရှုပြီး ပစ္စတို လုပ်နည်း လေ့လာ ခဲ့တယ်လို့ ဆိုပါတယ်။

တောင်အာဖရိကက နာဇီလက်သစ် မဂ္ဂဇင်း တခုကို လပေး ဖတ်ရှုသူ စာရင်းမှာလည်း သူ့အမည်ကို တွေ့ရပါတယ်။

လူသတ်သမားက ဗြိတိန် သာ ပဓာနလို့ ကြွေးကြော်ခဲ့ကြောင်းလည်း သတ်ဖြတ်မှု မျက်မြင် သက်သေ တွေက ဆိုပါတယ်။

အီးယူက ဗြိတိန် ခွဲထွက်ရေး လိုလားတဲ့ Britain First အုပ်စုက သူတို့နဲ့ မသက်ဆိုင်ကြောင်း ပြောဆိုပြီး လူသတ်မှုကို ရှုတ်ချပါတယ်။

သူ့အတွက် အမှတ်တရ အောက်မေ့ဖွယ် အခမ်းအနားမှာလည်း ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်းနဲ့ လေဘာ ပါတီ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင်တို့ တက်ရောက်ကြ ပါတယ်။

သူ အသတ်ခံရတဲ့ နားမှာ ခေါင်းဆောင်တွေက ပန်းစည်းချ ဦးညွတ် ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ