ရုရှ အားကစား ကန့်သတ်မှု တွေ ဆက်ထားမယ်

  • 17 ဇွန် 2016
iaaf ဓာတ်ပုံ မူပိုင်
Image caption ဗီယင်နာမှာ ပြေးခုန်ပစ် အဖွဲ့ချုပ် အစည်းအဝေး ကျင်းပ

ရုရှ အားကစား သမားတွေကို နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဝင်မပြိုင်အောင် တားမြစ်ထားတာကို ရုပ်သိမ်းပေးဖို့ ရုရှ အားကစား ဝန်ကြီး က ကမ္ဘာ့ ပြေးခုန်ပစ် အဖွဲ့ချုပ်ကို နောက်ဆုံး အကြိမ် အယူခံ ဝင်ခဲ့ပါတယ်။

ဒါပေမဲ့ ဗီယင်နာမှာ ကျင်းပနေတဲ့ ပြေးခုန်ပစ် အဖွဲ့ချုပ် အစည်းအဝေးက ရုရှ အပေါ် ကန့်သတ်မှု တွေ ဆက်ထားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရုရှ အားကစား သမားတွေမှာ တားမြစ်ဆေး သုံးစွဲမှု အများအပြား ရှိနေတာ ပြေးခုန်ပစ် အဖွဲ့ချုပ်က တွေ့ရှိခဲ့ပြီးနောက် နိုဝင်ဘာလ ကတည်းက ဒီလို တားမြစ် ခဲ့တာ ဖြစ်ပါတယ်။

ရုရှ အားကစားသမားတွေ တားမြစ်ဆေး သုံးရာမှာ အစိုးရ အားပေးမှု မရှိကြောင်းလည်း ရုရှ သမ္မတ ပူတင်က ပြောကြား ခဲ့ပါတယ်။

ရီယို ဒီဂျနဲရိုး မှာ ကျင်းပမယ့် အိုလံပစ် မတိုင်ခင်မှာ ဒီလို တားမြစ်ခံရတာပါ။

ဝင်မပြိုင်ရရင် နည်းမျိုးစုံ သုံးပြီး ခုခံ ကာကွယ်သွားဖို့ အသင့်ရှိကြောင်းလည်း ရုရှ အားကစား ဝန်ကြီး ဗစ်တာလီ မွတ်ကိုးက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ