အာဆတ် တပ်တွေကို အရေးယူဖို့ ကန် အရာရှိ တွေ တောင်းဆို

  • 18 ဇွန် 2016
syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားမှာ ပြည်တွင်းစစ် ဒဏ် နှစ်ရှည် ခံနေရ

ဆီးရီးယား အပစ်ရပ် အစီအစဉ်ကို ချိုးဖောက်နေတဲ့ သမ္မတ အာဆတ် တပ်တွေကို စစ်ရေးအရ ကန့်သတ် အရေးယူဖို့ အမေရိကန် နိုင်ငံခြားရေး အရာရှိ ၅ဝ ကျော်က အိုဘားမား အစိုးရကို တောင်းဆို ခဲ့ကြပါတယ်။

ဒီလို အမေရိကန်က ဆီးရီးယား အစိုးရတပ်တွေကို တိုက်ခိုက်ရင် ဒေသတွင်း အခြေအနေတွေ ကသောင်းကနင်း ဖြစ်ကုန်လိမ့်မယ်လို့ ရုရှက အမေရိကန်ကို သတိပေးလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ က ဒီတောင်းဆိုချက်ဟာ နည်းလမ်းကျတဲ့ တောင်းဆိုမှု ဖြစ်ပါတယ်။ ဝါရှင်တန် ပြန်ရောက်ရင် ဒီလူတွေနဲ့ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆီးရီးယား အစိုးရထဲ အတိုက်အခံတွေ ပါလာဖို့ အမေရိကန် တောင်းဆိုချက်ကိုတော့ ရုရှ ဘက်က ထောက်ခံကြောင်း သမ္မတ ပူတင်က ပြောကြား ခဲ့ပါတယ်။

ဆီးရီးယား မှာ သမ္မတ အာဆတ် အာဏာ ထိန်းချုပ်နိုင်ရေးထက် အားလုံး လက်ခံနိုင်တဲ့ အာဏာ သက်ရောက်မှု ရှိဖို့ လိုကြောင်းလည်း သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ