ယူကေ အာကာသ ယာဉ်မှုး မြေကမ္ဘာကို အောင်အောင်မြင်မြင် ပြန်ရောက်ပြီ

  • 18 ဇွန် 2016
_stronaut_britain_return
Image caption ဆိုယူ့ဇ် အာကာသ ယာဉ်က ပြန်လည် သယ်ဆောင်လာပြီး ကာဇက်စတန် နိုင်ငံမှာ အောင်အောင်မြင်မြင် ဆင်းသက် နိုင်ခဲ့။

ယူကေ အာကာသ သူရဲကောင်း တင်မ် ပိခ် တစ်ယောက် နိုင်ငံတကာ အာကာသ စခန်း ကနေ မြေကမ္ဘာပေါ် အောင်အောင် မြင်မြင် ပြန်လည် ဆင်းသက် လာခဲ့ပြီ ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်တုန်းက ဟယ်လင် ရှာမင်ရဲ့ နောက် တင်မ် ပိခ် အာကာသထဲ ပထမဆုံး သွားခဲ့တဲ့ ယူကေ အာကာသ ယာဉ်မှုး ဖြစ်ပြီး နိုင်ငံတကာ အာကာသ စခန်းမှာ ၆ လ နေထိုင်ခဲ့ ပါတယ်။

အခုတော့ သူ အပါအဝင် အမေရိကန်က Tim Kopra နဲ့ ရုရှားက Yuri Malenchenko တို့ စုစုပေါင်း ၃ ဦးကို ဆိုယူ့ဇ် အာကာသ ယာဉ်က ပြန်လည် သယ်ဆောင်လာပြီး ကာဇက်စတန် နိုင်ငံမှာ အောင်အောင်မြင်မြင် ဆင်းသက် နိုင်ခဲ့ပါတယ်။

ဆိုယူ့ဇ် ဆင်းသက်တဲ့ နေရာမှာ မြေပြင် အဖွဲ့ တွေ အသင့် စောင့်ကြို နေပြီး၊ အာကာသ ယာဉ်မှုး ၃ ယောက်ကို လိုအပ်တဲ့ ကျန်းမာရေး ဆိုင်ရာ စမ်းသပ် စစ်ဆေးမှုတွေ ပြုလုပ် ပေးနိုင်ဖို့ ခေါ်ဆောင် သွားခဲ့ ကြပါတယ်။

မေဂျာပိခ်ဟာ အာကာသ စခန်းမှာ ရှိနေတုန်း မြေပေါ်က စက်ရုံကို လှမ်းထိန်းချုပ်ပြီး လန်ဒန် မာရသွန် ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ