အကြမ်းဖက်သမား သံသယရှိရသူ ၁၂ဦးကို ဘယ်လ်ဂျီယမ်ရဲတွေ ဖမ်း

_belgium_arrest
Image caption သေနတ်နဲ့ ဗုံးလိုမျိုး လက်နက် ပစ္စည်းတွေ မတွေ့။

ဘယ်လ်ဂျီယမ် နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်ဖို့ ပြင်ဆင် နေကြသူတွေလို့ သံသယရှိရသူ ၁၂ ယောက်ကို ဘယ်လ်ဂျီယမ် ရဲတွေ ဖမ်းဆီး လိုက်ပါတယ်။

သောကြာနေ့ည က ဘရပ်ဆဲလ် မြို့ပေါ်က နေရာတွေ အများစု အပါအဝင် လူနေ အိမ်တွေကို စီးနင်းခဲ့ကြပြီး စုစုပေါင်း လူ အယောက် ၄၀ ကို စစ်ဆေး မေးမြန်းဖို့ ဘယ်လ်ဂျီယမ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခေါ်ဆောင် သွားကြ ပါတယ်။

ဝင်ရောက် စီးနင်း ခဲ့ကြတဲ့ နေရာတွေ မှာတော့ သေနတ်နဲ့ ဗုံးလိုမျိုး လက်နက် ပစ္စည်းတွေ မတွေ့ ခဲ့ရဘူးလို့ ဘယ်လ်ဂျီယမ် ဗဟို အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ဆီးရီးယား နိုင်ငံထဲက အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ရဲ့ အုပ်စု တစ်စုဟာ ဥရောပထဲ တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့ လတ်တလော ကပဲ ထွက်ခွာ သွားခဲ့တယ် ဆိုတဲ့ သတင်းတွေ ဘယ်လ်ဂျီယမ် အာဏာပိုင်တွေ ရရှိ ထားတယ်လို့ လုံခြုံရေး အသိုင်းအဝိုင်းထဲက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ