ပါလီမန် အမျိုးသမီးအမတ်ကို သတ်မှုနဲ့ ဖမ်းထားသူကို ရုံးတင်ပြီ

_jo_cox_
Image caption မစ္စစ် ကော့ဇ် အသတ် ခံခဲ့ရတဲ့နောက် အီးယူထဲက ထွက်ရေး မထွက်ရေး နှစ်ဘက် အပြိုင် မဲဆွယ် မှုတွေကို ယာယီ ဆိုင်းငံ့ ထား။

ဗြိတိန် နိုင်ငံမှာ အမျိုးသမီး ပါလီမန် အမတ် ဂျိုကော့ဇ် ကို သတ်ဖြတ် ခဲ့မှုနဲ့ ပုဒ်မတပ် စွဲဆို ခံထားရသူ သောမတ်စ် မိုင်ယာ ကို လန်ဒန် မြို့လည်က တရားရုံး ရှေ့မှောက် ရုံးတင် ခဲ့ပြီ ဖြစ်ပါတယ်။

သူ့ကို လူသတ်မှုနဲ့ သာမက တရားမဝင် လက်နက် ပိုင်ဆိုင်မှုနဲ့ပါ စွဲဆို ထားတာ ဖြစ်ပါတယ်။

ရုံးတော်ကနေ သူ့ရဲ့ နာမည်ကို ထွက်ဆိုဖို့ မေးမြန်းတဲ့ အခါ “ငါ့နာမည်ဟာ သစ္စာဖောက်တွေ အတွက် သေမင်း၊ ဗြိတိန် အတွက် လွတ်လပ်ရေး” ဖြစ်တယ် ဆိုပြီး အသက် ၅၂ နှစ် အရွယ် သောမတ်စ် မိုင်ယာ က တုံ့ပြန် ခဲ့ပါတယ်။

လေဘာ အမတ် မစ္စစ် ကော့ဇ်ဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အင်္ဂလန် မြောက်ပိုင်းက သူ့ရဲ့ မဲဆန္ဒနယ် အစည်းအဝေးခန်း အပြင်ဘက် သေနတ်နဲ့ ပစ်ခတ် ခံခဲ့ရရုံ တင်မက၊ ဓားနဲ့လည်း တိုက်ခိုက် ခံခဲ့ရပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

ဗြိတိန် နိုင်ငံ အနေနဲ့ ဥရောပ သမဂ္ဂ အီးယူထဲ ဆက်လက် ပါဝင် မလား ဆိုတာကို လာမယ့် သီတင်းပတ်ထဲ ပြည်လုံးကျွတ် ဆန္ဒခံယူကြဖို့ ရှိနေပေမယ့်၊ မစ္စစ် ကော့ဇ် အသတ် ခံခဲ့ရတဲ့နောက် နှစ်ဘက် အပြိုင် မဲဆွယ် မှုတွေကို ယာယီ ဆိုင်းငံ့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ