အီရတ် ဖလူဂျာ မှာ အရေးပေါ် အကူအညီလိုအပ်

  • 19 ဇွန် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ရေ၊ အစားအစာ နဲ့ ဆေးဝါး ပစ္စည်းတွေ ပြတ်လပ်နေ

အီရတ် နိုင်ငံ ဖလူဂျာ မြို့က အစုလိုက် ထွက်ခွာ လာတဲ့ အရပ်သားတွေကို ကူညီ ထောက်ပံ့ ရေး အခက်အခဲ ဖြစ်နေကြောင်း ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ထံ ကနေ ပြန်လည် သိမ်းယူ တဲ့ ဖလူဂျာ မြို့သိမ်း တိုက်ပွဲ အတွင်း အရပ်သား ပေါင်း သုံးသောင်းကျော် ထွက်ပြေး လွတ်မြောက် လာခဲ့ပါတယ်။

ထွက်ပြေးလာတဲ့ အရပ်သား တွေ အတွက် ရေ၊ အစားအစာ နဲ့ ဆေးဝါး ပစ္စည်းတွေ ပြတ်လပ်နေကြောင်း နော်ဝေ ဒုက္ခသည်များ ကောင်စီက ပြောပါတယ်။

ထွက်ပြေး လွတ်မြောက်လာတဲ့ အရပ်သားတွေဟာ လူတွေ ပြည့်ကျပ် နေတဲ့ ဒုက္ခသည် စခန်းတွေမှာ အမိုးအကာ မရှိပဲ နေထိုင် နေကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ