ဟောင်ကောင် စာအုပ်ရောင်းသူ သတ်သေဖို့အထိ စဉ်းစား

  • 19 ဇွန် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption တရုတ် တာဝန်ရှိသူ တွေက စိတ်ပိုင်းဆိုင်ရာ အရ ပြင်းပြင်းထန်ထန် နှိပ်စက် ခဲ့ကြ

တရုတ် တာဝန် ရှိသူတွေ ရဲ့ ဖမ်းဆီး ခံရစဉ်မှာ သူ့ကိုယ်သူ သတ်သေဖို့ အထိ စဉ်းစား ခဲ့ကြောင်း ဟောင်ကောင် စာအုပ်ထုတ်ဝေသူ တစ်ဦး က ပြောပါတယ်။

ရှစ်လတာ ကြာမြင့်အောင် ဖမ်းဆီး ထိန်းသိမ်း ထားစဉ်အတွင်း မှာ တရုတ် တာဝန်ရှိသူ တွေက စိတ်ပိုင်းဆိုင်ရာ အရ ပြင်းပြင်းထန်ထန် နှိပ်စက် ခဲ့ကြတယ်လို့ လန်ဝင်ကီး ဆိုသူ ဟောင်ကောင် စာအုပ် ထုတ်ဝေသူ က ပြောပါတယ်။

အမှုကို ရင်ဆိုင်ဖို့ ရှေ့နေ မလိုတဲ့ အကြောင်း နဲ့ သူ့ရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တရုတ် အာဏာပိုင်တွေက အတင်းအကျပ် လက်မှတ် ထိုးခိုင်း ခဲ့ကြတယ်လို့လည်း သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာ တရုတ် သမ္မတ နဲ့ ခေါင်းဆောင် တွေ အကြောင်း စာအုပ်ရေးသား ထုတ်ဝေ ကြတဲ့ ဟောင်ကောင် စာအုပ်ထုတ်ဝေသူ ၅ ဦးကို တရုတ် အာဏာပိုင် တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ