ရုရှားပြေးခုန်ပစ်သမားတွေကို တားမြစ်ဖို့ IOC ထောက်ခံ

  • 19 ဇွန် 2016
IOC Russia ဓာတ်ပုံ မူပိုင် IOC
Image caption အိုင်အိုစီ သဘောထားကြောင့် ရုရှားပြေးခုန်ပစ်သမားတွေ ရီယို အိုလံပစ် ပါဝင်နိုင်ဖွယ် မရှိ

နိုင်ငံတကာအားကစားပွဲစဉ်တွေမှာ ရုရှားပြေးခုန်ပစ်အားကစားသမားတွေကို ကစားခွင့်မပေးပဲ ဆက်လက်တားမြစ်ထားဖို့ နိုင်ငံတကာပြေးခုန်ပစ်ဖက်ဒရေးရှင်းရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC က ထောက်ခံကြောင်း ပြောလိုက်ပါတယ်။

ဒါဟာ တားမြစ်ဆေးနဲ့ပတ်သက်ရင်း လုံးဝ သည်းမခံဖူးဆိုတာ ပြသရမယ့် မူနဲ့ ကိုက်ညီတယ်လို့ IOC က ပြောပါတယ်။

ပြိုင်ပွဲတွေမှာ ပါဝင်ခွင့် ရမရဆိုတာက သက်ဆိုင်ရာ အားကစားတမျိုးစီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သက်ဆိုင်တယ်လို့လည်း IOC က အတည်ပြုလိုက်ပါတယ်။

ဒီသဘောထား ထုတ်ပြန်ချက်ကြောင့် အင်္ဂါနေ့ကျရင် အိုင်အိုစီအဖွဲ့ တွေ့ဆုံတဲ့အခါ ရုရှားရဲ့ ပြစ်ဒဏ်ပယ်ဖျက်ဖို့ အယူခံဟာ အနိုင်ရဖွယ် မရှိဘူးလို့ ဘီဘီစီ အားကစားသတင်းထောက်က သုံးသပ်ပါတယ်။

ဒါကြောင့် ရီယို အိုလံပစ်ပြိုင်ပွဲတွေမှာ ရုရှား ပြေးခုန်ပစ်အားကစားသမားတွေ မပါဝင်ဖို့ များနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ