ရုရှား အနောက်မြောက် ဒေသမှာ ကန်ထဲ လှေမှောက်လို့ ကလေးတွေ သေဆုံး

  • 19 ဇွန် 2016
_russia_lake_acciden
Image caption အသက် ၁၂ နှစ် ကနေ ၁၅ နှစ် အရွယ်ကြား ကလေးတွေ သေဆုံး။

ရုရှား နိုင်ငံ အနောက်မြောက်ပိုင်း ကရေလီယာ ဒေသက ဆိုင်အမ်အိုဇီရို ဆိုတဲ့ ကန်ထဲမှာ လှေမှောက်ပြီး အနည်းဆုံး ၁၄ ယောက် သေဆုံး သွားပါတယ်။

သေဆုံး သူတွေထဲ ကလေးတွေ အများစု ဖြစ်ပါတယ်။

အဲဒီ့ အရပ်မှာ ဖွင့်လှစ်တဲ့ နွေရာသီ စခန်းကို လာရောက်ကြသူ အယောက် ၅၀ လူအုပ်ကြီးဟာ ညဘက် ကန်ထဲ လှေစီး ထွက်ကြရင်းသား ရာသီဥတု ဆိုးရွားလာပြီး သူတို့ လှေအုပ်စုထဲက အနည်းဆုံး လှေတစ်စီး မှောက်သွားခဲ့တာ ဖြစ်တယ် လို့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ဆောင် နေသူတွေက ပြောပါတယ်။

အသက်ဆုံးရှုံး ခဲ့ကြရတဲ့ ကလေးတွေဟာ အသက် ၁၂ နှစ် ကနေ ၁၅ နှစ် အရွယ်ကြား ဖြစ်ပြီး အသက်ကယ် အင်္ကျီ ဝတ်ထားခဲ့ပုံ မရဘူးလို့လည်း ဆိုပါတယ်။

မှောက်သွားတဲ့ လှေပေါ် ပါသွား သူတွေထဲက ၁၂ နှစ် အရွယ် မိန်းကလေးငယ် တစ်ဦး သတိလစ်လျက်သား ကမ်းပေါ် လာတင် ခဲ့ပြီး သတိ ရလာတဲ့အခါ အနီးမှာ ရှိတဲ့ ရွာခံတွေကို လှေမှောက်ကြောင်း အသိ ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ