ကဘူးလ် မြို့မှာ အသေခံဗုံးခွဲ တိုက်ခိုက် ခံရ

  • 20 ဇွန် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ကနေဒါ သံရုံးမှာ အလုပ်လုပ်တဲ့ လုံခြုံရေး ၀န်ထမ်း နီပေါလူမျိုးတွေ ဖြစ်

အာဖဂန် နစ္စတန် နိုင်ငံမှာသီးခြားစီ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် လူပေါင်း ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ကာဘူးလ်မြို့တော်မှာလုံခြုံရေး အစောင့် ၁၄ ယောက်ထက် မနည်း သေဆုံးခဲ့ပါတယ်။

မနက်ခင်း အသွားအလာများချိန် အသေခံ ဗုံးခွဲသမားတစ်ယောက်က သူတို့စီးလာတဲ့ကားကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့အားလုံးက ကဘူးလ်မြို့က ကနေဒါ သံရုံးမှာ အလုပ်လုပ်တဲ့ လုံခြုံရေး ၀န်ထမ်း နီပေါလူမျိုးတွေ ဖြစ်ကြတယ်လို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

နောက်ထပ် နာရီပိုင်း အကြာမှာပဲနိုင်ငံမြောက်ပိုင်း Badakhshan ပြည်နယ်မှာ မော်တော်ဆိုင်ကယ်အောက်မှာ ဝှက်ယူလာတဲ့ဗုံးတစ်လုံး Kishm စျေးမှာ ပေါက်ကွဲခဲ့လို့ လူ ၈ ယောက် သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ