ကမ္ဘာတစ်ဝှမ်း ဒုက္ခသည် အရေအတွက် စံချိန်တင်

  • 20 ဇွန် 2016
ဓာတ်ပုံ မူပိုင် .
Image caption လူ တစ်ရာကျော်မှာ တစ်ယောက်က ဒုက္ခသည်

စစ်ပွဲတွေ ကြောင့် ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက် စံချိန်တင် များပြား လာခဲ့ကြောင်း ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ ကပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က တစ်ကမ္ဘာလုံးမှာ ရွှေ့ပြောင်း ဒုက္ခသည် စုစုပေါင်း ၆၅ သန်း ခန့် ရှိပြီး ဒီအရေအတွက်က လူ တစ်ရာကျော်မှာ တစ်ယောက်က ဒုက္ခသည် ဒါမှမဟုတ် အတင်း အဓမ္မ ရွှေ့ပြောင်း ခံနေရတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်း ဒုက္ခသည် အများစု က ဆီးရီးယား၊ အာဖဂန်နစ္စတန် နဲ့ ဆိုမာလီယာ နိုင်ငံတွေက ဖြစ်ကြောင်း ကုလသမဂ္ဂ က ထုတ်ပြန်တဲ့ အစီရင် ခံစာမှာ ဖော်ပြ ထားပါတယ်။

နိုင်ငံတကာ အစိုးရ တွေ အနေနဲ့ ရွှေ့ပြောင်း ဒုက္ခသည်များ အရေးကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ဖို့ လိုအပ်နေပြီး လူသားချင်းစာနာ ထောက်ထားမှု နဲ့ ကူညီပေးကြဖို့ကိုလည်း ကုလသမဂ္ဂ အဖွဲ့ကြီးက တိုက်တွန်း ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ