ရှီအာ ဘာသာရေး ခေါင်းဆောင်ကို နိုင်ငံသား ပယ်ဖျက်တဲ့ ဘာရိန်းကို အီရန် သတိပေး

  • 21 ဇွန် 2016
Image caption ရှိတ်ခ် အီဆာ ကာဆီမ်ကို ဘာရိန်း နိုင်ငံသား အဖြစ်ကနေ ပယ်ဖျက်။

ပင်လယ်ကွေ့ နိုင်ငံတစ်ခု ဖြစ်တဲ့ ဘာရိန်း မှာ ရှီအာ မွတ်ဆလင်မ် ဘာသာရေး ထိပ်တန်း ခေါင်းဆောင် ရှိတ်ခ် အီဆာ ကာဆီမ်ကို နိုင်ငံသား အဖြစ်ကနေ ပယ်ဖျက်လိုက်တဲ့ အပြုအမူဟာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဖြစ်ပေါ် လာလိမ့်မယ် ဆိုပြီး ရှီအာ နိုင်ငံ ဖြစ်တဲ့ အီရန်က သတိပေး လိုက်ပါတယ်။

ရှီအာ အများစု ဖြစ်တဲ့ ဘားရိန်း ပြည်သူတွေဟာ သူတို့ရဲ့ ဘာသာရေး ခေါင်းဆောင် အခုလို ပြုမူ ခံလိုက်ရတဲ့ အတွက် လက်နက်ကိုင် တွန်းလှန်ပြီး ဘာရိန်းရဲ့ ဆွန်နီ ထီးနန်းကို ဖြုတ်ချရုံက လွဲပြီး တခြားနည်း မရှိတော့ဘူးလို့ အီရန် တော်လှန်ရေး သက်စောင့်တပ်ရဲ့တပ်မှုးကြီး ဗိုလ်ချုပ်ကြီး ကာဆင်မ် ဆူလေမားနီးက ပြောပါတယ်။

ဘာရိန်း အာဏာပိုင်တွေကတော့ အဲဒီ့ ရှီအာ ဘာသာရေး ခေါင်းဆောင်ဟာ တိုင်းပြည်တွင်း ဂိုဏ်းဂဏ ကွဲပြားအောင်နဲ့ အကြမ်းဖက် ဖြစ်ရပ်တွေ ပေါ်ပေါက်လာအောင် လှုံ့ဆော်နေသူ တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန် အနေနဲ့ ဘာရိန်း ပြည်တွင်းရေး မတည်ငြိမ်အောင် စွက်ဖက် နေတယ်လို့ ဘာရိန်း အာဏာပိုင်တွေက ပြောဆိုလေ့ ရှိသလို၊ တစ်ဘက်မှာလည်း ဘာရိန်း နိုင်ငံထဲက ရှီအာတွေ ကတော့ သူတို့အပေါ် ဆွန်နီ ထီးနန်းက ခွဲခြား ဆက်ဆံတယ် ဆိုပြီး ပြောဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ