ဘယ်လ်ဂျီယံ မှာ အကြမ်းဖက်သမား အဖြစ် သံသယ ရှိသူကို ဖမ်းဆီး

  • 21 ဇွန် 2016
ဓာတ်ပုံ မူပိုင် AP
Image caption သူ့မှာ အသေခံ ဗုံးခွဲ အကျီ ဝတ်ဆင်ထားတယ်လို့ ဘယ်လ်ဂျီယံ သတင်းဌာနတွေက ပြော

ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ် မြို့လယ်မှာ အကြမ်းဖက်မှုတွေ ပြုလုပ်ဖို့ သံသယ ရှိတဲ့ အတွက် လူတစ်ယောက်ကို ဖမ်းဆီး ခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဇွန်လ ၂၁ ရက်နေ့ အစောပိုင်းက လူ တစ်ယောက်ဟာ ရဲတပ်ဖွဲ့ဆီကို တယ်လီဖုန်း ဆက်ခဲ့ပြီး သူ့မှာ အသေခံ ဗုံးခွဲ အကျီ ဝတ်ဆင်ထားတယ်လို့ ဘယ်လ်ဂျီယံ သတင်းဌာနတွေက ပြောပါတယ်။

ဒါပေမယ့် သူ့ ဆီမှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းဘာတစ်ခုမှ ရှာဖွေ တွေ့ ရှိခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

လောလောဆယ်မှာတော့ ဘရပ်ဆဲလ် မြို့လယ်က ဈေးဝယ် စင်တာ ကြီး ၂ ခုကို ပိတ်ထား ရပြီး ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ ရှိမရှိ ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

အခြေအနေကို ထိန်းထားနိုင်ပြီ ဖြစ်ကြောင်း အရေးပေါ် အစည်းအဝေး ကို ရောက်နေတဲ့ ဝန်ကြီးချုပ် ချားလ်မစ်ရှဲလ် ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ