ထရမ့်ကို သေနတ်နဲ့ ပစ်ချင်ခဲ့တာလို့ အဖမ်းခံထားရတဲ့ ဗြိတိန် နိုင်ငံသား ထွက်ဆို

  • 21 ဇွန် 2016
_trump_britain_arrested
Image caption ဗြိတိန် နိုင်ငံသား တစ်ဦးဖြစ်တဲ့ အသက် ၁၉ နှစ် အရွယ် မိုက်ကယ် ဆန်းဖို့ဒ်။

ရီပတ်ဘလေကဲန် သမ္မတလောင်း ဖြစ်လာတော့မယ့် ဒေါ်နယ် ထရမ့် ရဲ့ လာ့စ် ဗေးဂတ်စ် မဲဆွယ်ပွဲ အတွင်း ရဲ အမှုထမ်းရဲ့ သေနတ်ကို ဆွဲယူ ခဲ့မှုနဲ့ အဖမ်းခံ ထားရတဲ့ မိုက်ကယ် စတီဗင် ဆန်းဖို့ဒ်က သူဟာ မစ္စတာ ထရမ့်ကို ပစ်ခတ် လိုသူ ဖြစ်တယ် လို့ ထွက်ဆိုခဲ့ကြောင်း အမေရိကန် တရားရုံးတော် တစ်ခုက ထွက်ပေါ်လာတဲ့ စာရွက် စာတမ်းတွေ အရ သိရပါတယ်။

ဗြိတိန် နိုင်ငံသား တစ်ဦးဖြစ်တဲ့ အသက် ၁၉ နှစ် အရွယ် မိုက်ကယ် ဆန်းဖို့ဒ်ဟာ ဒေါ်နယ် ထရမ့်ကို သတ်နိုင်ဖို့ အတွက် နယူးဂျာဆီ ကနေ ကာလီဖိုးနီးယား အထိ ကားမောင်း သွားခဲ့တာ ဖြစ်တယ် လို့လည်း ထွက်ဆို ခဲ့ပါတယ်။

ဒေါ်နယ် ထရမ့်ကို တိုက်ခိုက် နိုင်အောင် ကြံစည်နေတာ တစ်နှစ်လောက် ရှိပြီလို့လည်း သူက ဆိုထားပါတယ်။

တခါ၊ မစ္စတာ ထရမ့်က သူ့ရဲ့ မဲဆွယ်ပွဲတွေကို စီစဉ် ကြီးကြပ် ပေးနေခဲ့သူ မန်နေဂျာ ကိုရီ လူအန်ဒေါင်စကီး ကို အလုပ် ဖြုတ်လိုက်ပါတယ်။

မစ္စတာ ထရမ့် အသစ်ငှားရမ်း လိုက်တဲ့ သူတွေနဲ့ မစ္စတာ လူအန်ဒေါင်စကီးတို့ အကြား သဘောထားကွဲ အချင်း များခဲ့ကြတယ်လို့ ဝါရှင်တန်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကျင်းပ လာတော့မယ့် အထွေထွေ ရွေးကောက်ပွဲ အတွက် ရည်ရွယ်ပြီး မဲဆွယ် စည်းရုံးမှု ပုံစံတွေကို ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ မစ္စတာ ထရမ့်ဟာ ပိုပြီး သမားရိုးကျ ဆန်တဲ့ မဲဆွယ် စည်းရုံးပုံ နည်းလမ်းတွေဘက် အားသန်တဲ့ ကျွမ်းကျင်သူတွေကို လတ်တလောမှာပဲ ငှားရမ်း ခဲ့တာ ဖြစ်ပါတယ်။

အိုလန်ဒို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မစ္စတာ ထရမ့် ပြုလုပ်ခဲ့တဲ့ သဘောထား မှတ်ချက်တွေ အပါအဝင် သူ့ရဲ့ ပြောပုံ ဆိုပုံတွေဟာ မဲဆန္ဒ ရှင်တွေနဲ့ မစ္စတာ ထရမ့်ကြား ဝေးကွာ သွားနိုင်တယ် ဆိုပြီး ရီဘန်ဘလေကင် ပါတီဘက်ကလည်း စိုးရိမ်မှုတွေ တိုးမြင့်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ