အနောက်အုပ်စုကို ပူတင် ပြင်းပြင်းထန်ထန် ဝေဖန်

  • 22 ဇွန် 2016
russia_putin_speech_
Image caption နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ဟာ ရုရှားရဲ့ နယ်စပ် ဒေသတွေမှာ ရန်လိုတဲ့ အပြုအမူတွေ တိုးမြှင့် လုပ်ဆောင် လာနေကြတယ် ဆိုပြီး သမ္မတ ပူတင် ဝေဖန်။

နိုင်ငံတကာ အကြမ်းဖက် ဝါဒ ကို ညီညီ ညွတ်ညွတ် စုစုစည်းစည်းနဲ့ တိုက်ခိုက်ဖို့ရာ အနောက်အုပ်စုတွေ အနေနဲ့ ရုရှားနဲ့ လက်တွဲ ဆောင်ရွက်ဖို့ ပျက်ကွက် နေတယ် ဆိုပြီး ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က စွပ်စွဲ လိုက်ပါတယ်။

ဒုတိယ ကမ္ဘာ စစ် အကြို ကာလ တုန်းက နာဇီ အန္တရာယ်ကို စုပေါင်း ကာကွယ်ကြဖို့ ဆိုဗီယက် ပြည်ထောင်စုက ဆော်ဩ ခဲ့တာကို နိုင်ငံတချို့က မျက်ကွယ် ပြုခဲ့တဲ့ အမှားမျိုးကို အခုထပ်ပြီး ကျူးလွန် နေကြပြန်ပြီ လို့ မစ္စတာ ပူတင်က ဒူးမား လွှတ်တော်မှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲ ထည့်သွင်း ပြောဆို ခဲ့ပါတယ်။

ပူးပေါင်း ဆောင်ရွက်တာမျိုး မပြုလုပ်ရုံတင် မကပဲ နေးတိုး စစ်ရေး မဟာမိတ် အဖွဲ့ဟာ ရုရှားရဲ့ နယ်စပ် ဒေသတွေမှာ ရန်လိုတဲ့ အပြုအမူတွေ တိုးမြှင့် လုပ်ဆောင် လာနေကြတယ် ဆိုပြီး သမ္မတ ပူတင်က ဝေဖန် ခဲ့ပါတယ်။

ဒါ့ကြောင့် ရုရှား ဘက်ကလည်း စစ်ရေး အရ တုံ့ပြန်ဖို့ အမြဲ အသင့် အနေအထား ရှိနေဖို့ လိုအပ်တယ် ဆိုပြီး သမ္မတ ပူတင်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ