ဗြိတိန် အီးယူက ထွက်ပြီ

  • 24 ဇွန် 2016
eu ဓာတ်ပုံ မူပိုင် Getty
Image caption အီးယူနဲ့ ပေါင်းစည်းရေး လိုလားတဲ့ ဝန်ကြီးချုပ် ကင်မရွန်း

ဗြိတိသျှ နိုင်ငံသား အများစု ဆန္ဒနဲ့ ဥရောပ သမဂ္ဂမှာ ဗြိတိန်ရဲ့ ၄၃ နှစ်ကြာ ပါဝင်ခဲ့မှု ဆုံးခန်းတိုင်ခဲ့ပါပြီ။

ဗြိတိသျှ လူဦးရေရဲ့ ၅၂ ရာခိုင်နှုန်း လောက်က ခွဲထွက်ဖို့ မဲပေးခဲ့ကြပါတယ်။

လန်ဒန်နဲ့ စကော့တလန် နယ်မြေတွေမှာ မခွဲထွက်ရေး ဘက်က အများစု အနိုင်ရပြီး ကျန်တဲ့ ဗြိတိန် တဝှမ်းမှာ ခွဲထွက်ရေးက အသာစီး ရခဲ့တာပါ။

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ရာထူးမှာ ဆက်ရှိမှာ ဖြစ်ပြီး ဗြိတိသျှ ပြည်သူတွေရဲ့ ညွှန်ကြားချက်ကို လက်ခံ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဖိလစ် ဟမ်မွန်က ဆိုပါတယ်။

အီးယူက ခွဲထွက်ရေး တောက်လျှောက် တောင်းဆိုခဲ့တဲ့ ယူကေ လွတ်လပ်ရေး ပါတီ (UKIP) ရဲ့ ခေါင်းဆောင် Nigel Farage က မစ္စတာ ကင်မရွန်း နုတ်ထွက်ဖို့ တောင်းဆို ခဲ့ပါတယ်။

မကြာခင် ကင်မရွန်း နိုင်ငံကို မိန့်ခွန်း ပြောမယ်လို့ ခန့်မှန်းရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ