ဒေးဗစ်ကင်မရွန်း ရာထူးက ဆင်းပေးမယ်

  • 24 ဇွန် 2016
cameron ဓာတ်ပုံ မူပိုင် Getty
Image caption ဒေါင်းနင်းလမ်း အိမ်ရှေ့က ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ၃ လ အတွင်း ရာထူးက ဆင်းပေးမယ်လို့ ကြေညာ လိုက်ပါပြီ။

အီးယူနဲ့ ပေါင်းစည်းရေး တောက်လျှောက် တောင်းဆိုခဲ့တဲ့ ကင်မရွန်းက ဗြိတိသျှ ပြည်သူတွေ ရွေးချယ်မှုကို လေးစားရမယ်လို့လည်း ဆိုပါတယ်။

ဝန်ကြီးချုပ်သစ်က အီးယူက ဗြိတိန်ခွဲထွက်ရေး ကိစ္စတွေ ညှိနှိုင်း ဆောင်ရွက်ရမှာ ဖြစ်ပြီး လူသစ် မရွေးနိုင်ခင် နိုင်ငံ တည်ငြိမ်မှု ရအောင် ကင်မရွန်းက တာဝန်ယူရမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ နိုင်ငံကို နောက်တလှမ်း တက်အောင် ဦးဆောင်နိုင်သူ မဟုတ်ကြောင်း မစ္စတာ ကင်မရွန်းက ပြောပါတယ်။

အီးယူက ဗြိတိန် ခွဲထွက်ဖို့ ဆုံးဖြတ်ပြီးတဲ့နေ့ မနက် မှာပဲ ပေါင် စတာလင် ဈေးတွေ အနှစ် ၃ဝ အတွင်း အနိမ့်ဆုံး ထိုးကျ သွားသလို ကမ္ဘာတလွှားက စတော့ဈေးကွက်တွေ ကျဆင်း ကုန်ပါတယ်။ တိုကျိုမှာ မနက်ဈေးအဖွင့်မှာ ရှယ်ယာဈေး ၈ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ