စကော့တလန်နဲ့ မြောက်ပိုင်းအိုင်ယာလန် ဆန္ဒ

  • 24 ဇွန် 2016
britain map ဓာတ်ပုံ မူပိုင်
Image caption စကော့တလန်နဲ့ မြောက်အိုင်ယာလန် ဗြိတိန်မှာ ဆက်နေမနေ စဉ်းစားလာ

ဗြိတိန် အီးယူက ခွဲထွက်ဖို့ ဆန္ဒခံပွဲ ရလဒ်တွေ ထွက်လာပြီးနောက် စကော့တလန် ဗြိတိန် ထဲမှာ ဆက်နေဖို့ ဆန္ဒရှိမရှိ ပြည်သူ့ ဆန္ဒခံယူပွဲ ပြုလုပ်ဖွယ်ရာ အခြေအနေတွေ ပိုတိုးလာနေပါတယ်။

စကော့တလန်မှာ ခရိုင်တိုင်းက အီးယူထဲမှာ နေဖို့ ထောက်ခံခဲ့ကြပါတယ်။ စကော့တလန် ဝန်ကြီးချုပ်ကလည်း သူတို့ အနာဂတ်ကို အီးယူရဲ့ တစိတ်တပိုင်းအဖြစ်ပဲ မြင်တယ်လို့ဆိုပါတယ်။

အိုင်ယာလန် နိုင်ငံ ဝန်ကြီးချုပ် Enda Kenny ကတော့ အီးယူကနေ ခွဲထွက်ရေး ဗြိတိန်ရဲ့ဆုံးဖြတ်ချက်က သူ့နိုင်ငံကို သိသိသာသာ ရိုက်ခတ်မှု ဘယ်လိုရှိမယ်ဆိုတာ သူ့အစိုးရက ဆွေးနွေးမယ်လို့ ပြောပါတယ်။

မြောက်ပိုင်း အိုင်ယာလန် က အိုင်းရစ် အမျိုးသားပါတီ Sinn Fein က အခု မဲရလဒ်က အိုင်ယာလန် ပြည်ထောင်စု ဖြစ်ရေး ပြည်သူ့ ဆန္ဒခံယူပွဲလုပ်ဖို့သူတို့ရဲ့ ဆန္ဒတွေကို ပိုမို ခိုင်မာလာစေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ