ဝှေးစေ့ဖြတ်မိလို့ ဆရာဝန် အလုပ်ပြုတ်

  • 24 ဇွန် 2016
hospital ဓာတ်ပုံ မူပိုင် Goteborg University Sweden
Image caption ဝှေးစေ့ မှားဖြတ်တာ လူနာ အသိမပေးခဲ့

ဗြိတိန်မှာ အမျိုးသား လူနာတယောက်ရဲ့ ဝှေးစေ့ကို မှားယွင်း ဖြတ်တောက်မိတဲ့ ခွဲစိတ် ဆရာဝန် တယောက်ကို အလုပ်က ထုတ်ပယ်ခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်တုန်းက ဘက်ကင်ဟမ် ရှိုင်းယားနယ်က ချီလ်တန် ပုဂ္ဂလိက ဆေးရုံမှာ ဒီကိစ္စ ဖြစ်ပွားခဲ့တာပါ။

တရားခံ ဒေါက်တာ မာဝမ် ဖာရွတ်ဟာ အကျိတ် တခု ဖယ်ရှားရမှာကို မှားယွင်းပြီး ဝှေးစေ့ကို ဖြတ်ခဲ့တယ်၊ ဒါကို လူနာကို အသိမပေးခဲ့ဘူးလို့ ဆရာဝန် ခုံရုံး က ကြားနာ ချက်မှာ ပါရှိပါတယ်။

လူနာရဲ့ အူကျ ရောဂါ ခွဲစိတ်မှုမှာ ဝှေးစိတ် အညှာပေါ်က အရည်တည်နေတဲ့ အကျိတ်ကို ဖယ်ရင်း ကပ်နေတဲ့ ညာဘက် ဝှေးစေ့ တခုလုံးကို ဖြတ်ထုတ်ခဲ့တာပါ။

နောက်ပိုင်း ဒီမှားဖြတ်မိတဲ့ ဝှေးစေ့ကို အမှိုက်ပုံးထဲ လွှတ်ပစ်တယ်လို့ စစ်ဆေး တွေ့ခဲ့ပါတယ်။

သတိရလာတဲ့ လူနာကိုလည်း သူ့ညာဘက် ဝှေးစေ့က သေးနေပေမယ့် အန္တရာယ် မရှိပါဘူး လို့ပဲ ဆရာဝန်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဒေါက်တာ ဖာရွတ်ကတော့ ဝှေးစေ့ကို ဖြတ်ပြီး အသားစ စစ်ဆေးဖို့ ဓာတ်ခွဲခန်း ပို့ခဲ့သလား သေချာ မစစ်ဆေးခဲ့မိဘူးလို့ပဲ ထွက်ဆိုပါတယ်။

ပို့ရမယ့် အသားစ ကို မမှတ်မိလို့ ဘယ်အသားစ ဖြတ်ခဲ့တယ် ဆိုတာကို ဆရာဝန် မှတ်တမ်း ရေးမထားခဲ့ဘူး ဆိုတာကို ခုံရုံးက မယုံကြည်ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ