ထွက်ဖို့ ဆုံးဖြတ်ချက် အမြန်ဆုံး အကောင်အထည် ဖော်ဖို့ ဗြိတိန်ကို အီးယူ တိုက်တွန်းနေ

  • 25 ဇွန် 2016
ean_claude_juncker_and_david_cameron_ ဓာတ်ပုံ မူပိုင် AFP
Image caption နှုတ်ထွက်ရေး ကိစ္စ အမြန်ဆုံး အထမြောက်မှ ဗြိတိန် အနေနဲ့ ရှေ့ အနာဂတ် အရေး ပို အာရုံစိုက် နိုင်လိမ့်မယ်။

ဥရောပ သမဂ္ဂ အီးယူထဲက ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို ဗြိတိန် အနေနဲ့ တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည် ဖော်ဖို့ အီးယူ အဖွဲ့အဖြစ် စတင် ဖွဲ့စည်းခဲ့တဲ့ မူလ အဖွဲ့ဝင် နိုင်ငံ ၆ နိုင်ငံက တိုက်တွန်း လိုက်ပါတယ်။

နှုတ်ထွက်ရေး ကိစ္စ အမြန်ဆုံး အထမြောက်မှ ဗြိတိန် အနေနဲ့ ရှေ့ အနာဂတ် အရေး ပို အာရုံစိုက် နိုင်လိမ့်မယ် လို့လည်း ဆိုပါတယ်။

ဗြိတိန်မှာ လူထု ဆန္ဒ ကောက်ခံပြီး အီးယူထဲက နှုတ်ထွက်ဖို့ ဆုံးဖြတ် ခဲ့အပြီး ၆ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဘာလင် မြို့တော်မှာ တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပါတယ်။

ဗြိတိန် နှုတ်ထွက် သွားတာဟာ အီးယူ သမိုင်းမှာ ကြီးမားတဲ့ အချိုးအကွေ့ ဖြစ်တယ်လို့ အဲဒီ့ နိုင်ငံခြားရေး ဝန်ကြီးတွေက မှတ်ချက် ချခဲ့ပါတယ်။

ဗြိတိန် နိုင်ငံတွင်း အခြေအနေကို ကြည့်ရင်တော့ ၊ စကော့တလန် အစိုးရ အဖွဲ့ အကြီးအကဲ နီကိုလာ စတာဂျင်က အီးယူ အဖွဲ့ထဲ စကော့တလန် ပါဝင်မှုကို အကာအကွယ် ပေးပါ ဆိုပြီး အီးယူ ခေါင်းဆောင်တွေထံ အမြန်ဆုံး တောင်းဆို သွားမယ် ဆိုပြီး ပြောလာပါတယ်။

ဒါ့အပြင် ဗြိတိန်ကနေ စကော့တလန် သီးခြား လွတ်လပ်ရေး ရယူမလား ဆိုတာ ဒုတိယ အကြိမ် လူထု ဆန္ဒ ကောက်ခံပွဲ ကျင်းပ နိုင်ဖို့ လိုအပ်တဲ့ ဥပဒေ တစ်ရပ် ပြဌာန်း သွားမယ်လို့လည်း ဆိုပါတယ်။

စကော့တလန်မှာ အီးယူထဲ ဆက်နေရေး မဲတွေ အသာစီးရ အောင်မြင် ခဲ့ပေမယ့်၊ ဗြိတိန် တစ်ခုလုံးက ရလာဒ်ကြောင့် စကော့တလန်ပါ အီးယူထဲက ဆွဲထုတ် ခံရသလို ဖြစ်ခဲ့ရတယ် ဆိုပြီး မစ္စ စတာဂျင် တို့ အစိုးရ အဖွဲ့က ရှုမြင် ထားကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ