ဗြိတိန်ဝန်ကြီးချုပ် ဥရောပ ခေါင်းဆောင်တွေနဲ့တွေ့ဆုံ

  • 28 ဇွန် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ပြုသဘောဆောင်တဲ့ နည်းလမ်း ချဉ်းကပ် ဖို့ ကျန်တဲ့ ၂၇ နိုင်ငံ ကို ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း အနေနဲ့ တိုက်တွန်း မယ်

ဇွန်လ ၂၈ ရက်နေ့မှာ ဗြိတိန် ဝန်ကြီးချုပ် နဲ့ ဥရောပ နိုင်ငံတွေက ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး ကြဖို့ ရှိပါတယ်။

ဗြိတိန် နိုင်ငံ အနေနဲ့ ပြီးခဲ့တဲ့ ကြာသပတေး နေ့က ဥရောပ သမဂ္ဂ ကနေ ခွဲထွက်ဖို့ မဲပေး ရွေးချယ်ခဲ့ပါတယ်။

ဥရောပ သမဂ္ဂ အဖွဲ့ဝင် အဖြစ် ဗြိတိန် နိုင်ငံ နှုတ်ထွက်ဖို့ အတွက် ဆွေးနွေးရာမှာ အပြုသဘောဆောင်တဲ့ နည်းလမ်း ချဉ်းကပ် ဖို့ ကျန်တဲ့ ၂၇ နိုင်ငံ ကို ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း အနေနဲ့ တိုက်တွန်း မယ်လို့ သိရပါတယ်။

ဗြိတိန်ဘက် က နှုတ်ထွက်ဖို့ အတွက် တရားဝင် ဆောင်ရွက်မှု မရှိမချင်း၊ အဖွဲ့ဝင် အဖြစ် ဆက်ရှိနေမှာဖြစ်တယ်လို့ ဇွန်လ ၂၇ ရက်နေ့မှာ ဂျာမနီ၊ ပြင်သစ် နဲ့ အီတလီ နိုင်ငံက ခေါင်းဆောင်တွေက ပြောထားပါတယ်။

ဥရောပ သမဂ္ဂ EU ကနေ ဗြိတိန် နှုတ်ထွက်ဖို့ အတွက် ဆွေးနွေး ညှိနှိုင်းမှု တွေက ၂ နှစ် ခန့်ကြာမြင့်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ