လေဒီဂါဂါ ကို တရုတ်ပရိသတ် ဒေါသတကြီးတုံ့ပြန်

Image caption တရုတ် နိုင်ငံ အတွင်းမှာ တေးဂီတ ဖျော်ဖြေ ပွဲတွေ လုပ်ဖို့ အတွက် အခွင့်အရေး နည်းပါး သွားပြီလို့ ဝေဖန် နေ

နာမည်ကြီး အဆိုတော် လေဒီ ဂါဂါ ဟာ တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမား နဲ့ တွေ့ဆုံ ခဲ့တဲ့ အတွက် တရုတ် ပရိသတ်တွေက ဒေါသတကြီး တုံ့ပြန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က တိဘက် ဘုန်းတော်ကြီး ဒလိုင်း လားမား နဲ့ လေဒီ ဂါဂါ တို့ ရဲ့ တွေ့ဆုံမှု ကို လေဒီဂါဂါက က လူမှု ကွန်ယက် စာမျက်နှာပေါ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

လေဒီ ဂါဂါ အနေနဲ့ အခုလို တွေ့ဆုံခဲ့မှုကြောင့် တရုတ် နိုင်ငံ အတွင်းမှာ တေးဂီတ ဖျော်ဖြေ ပွဲတွေ လုပ်ဖို့ အတွက် အခွင့်အရေး နည်းပါး သွားပြီလို့ ဝေဖန် နေကြပါတယ်။

တရုတ်နိုင်ငံက လူတွေဟာ တိဘက် ဘုန်းတော်ကြီး ကို ခွဲထွက်ရေး ဆောင်ရွက်နေသူ အဖြစ် ရှုမြင် ထားတာကြောင့် လေဒီဂါဂါ က ဘုန်းတော်ကြီး ဒလိုင်လားမား ကို တွေ့ဆုံခဲ့မှုက ပရိသတ်တွေ ကို စိတ်ဆိုး စေခဲ့ပါတယ်။

ခွဲထွက်ရေး နည်းလမ်း နဲ့ ဆက်လက်ကြိုးပမ်းမှု မပြုလုပ်တော့ပဲ အလယ်အလတ် လမ်းစဉ် ဖြစ်တဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေး ရရှိအောင် ကြိုးစား နေတယ်လို့ ဘုန်းတော်ကြီး ဒလိုင်းလားမား က ပြောပါတယ်။

လေဒီဂါဂါ က တရုတ် နိုင်ငံမှာ ထင်ရှား ကျော်ကြားမှု ရှိတဲ့ အနောက်တိုင်း အဆိုတော် တစ်ဦး လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ