သံတမန်တွေကို ရုရှ နှောင့်ယှက်နေတယ်လို့ အမေရိကန် ပြော

  • 28 ဇွန် 2016
ဓာတ်ပုံ မူပိုင် RIA Novosti
Image caption ရုရှ လုံခြုံရေး တွေဟာ သံတမန်တွေရဲ့ နေအိမ်ထဲကို ဝင်ရောက်ပြီး ပစ္စည်း တွေကို နေရာ ပြောင်းရွှေ့ခြင်း နဲ့ အိမ်မွေး တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်မှုတွေ ပြုလုပ်

အမေရိကန် နဲ့ အနောက်နိုင်ငံတွေက သံတမန်တွေကို ရုရှ လုံခြုံရေးတွေက အနှောင့်အယှက်ပေး မှုတွေ ပြု လုပ်နေကြောင်း အမေရိကန် တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ နဲ့ ရုရှ သမ္မတ ဗလာဒီမီယာ ပူတင် တို့ အကြားမှာ အဆိုပါ ကိစ္စတွေ အတွက် ဆွေးနွေး ခဲ့ဖူးကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူ အယ်လိဇဘက် ထရူးဒိုး က ဆိုပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့် ရှိသူက ရုရှ လုံခြုံရေး တွေရဲ့ နှောင့်ယှက်မှု အသေးစိတ် တွေကို ထုတ်ဖော် ပြောကြားခြင်း မရှိပေမယ့် ဝါရှင်တန် ပို့စ် သတင်းစာ ကြီးရဲ့ အဆိုအရ သံတမန်တွေ နေထိုင်တဲ့ အိမ်ယာတွေကို ဖောက်ထွင်း ဝင်ရောက် နေတာ ဖြစ်ပါတယ်။

ရုရှ လုံခြုံရေး တွေဟာ သံတမန်တွေရဲ့ နေအိမ်ထဲကို ဝင်ရောက်ပြီး ပစ္စည်း တွေကို နေရာ ပြောင်းရွှေ့ခြင်း နဲ့ အိမ်မွေး တိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်မှုတွေ ပြုလုပ် ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် ဘက်က စွပ်စွဲ ပြောကြား မှုတွေ နဲ့ ပတ်သက်လို့ ရုရှ ဘက်ကတော့ တစုံတရာ ပြန်ကြားခြင်း မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ