ဗောက်ဝက်စ်ဂွန် ဒေါ်လာ ၁၅ ဘီလျံ ပေးလျော်ရ

  • 28 ဇွန် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ပိုင်ရှင်တွေကို လျော်ကြေးငွေ ပေး ရမှာ ဖြစ်လို့ ဒေါ်လာ ၁၀ ဘီလျံခန့် ကုန်ကျမှာ ဖြစ်

ဗောက်စ်ဝက်ဂွန် ကုမ္ပဏီ အနေနဲ့ အမေရိကန် နိုင်ငံ ကို လျော်ကြေး ဒေါ်လာ ၁၅ ဘီလျံ ခန့် ပေးလျော်ရဖွယ် ရှိကြောင်း သိရပါတယ်။

အမေရိကန် သမိုင်းမှာ အများဆုံး ငွေကြေးပေးလျော် ရမှု ဖြစ်ပြီး ဇွန် ၂၈ ရက် (အင်္ဂါနေ့) နှောင်းပိုင်းကျရင် ဝန်ရှင်တန် မြို့မှာ ထုတ်ဖော် ကြေငြာဖို့ ရှိပါတယ်။

ကုမ္ပဏီ ထုတ် ကား အစီးရေ ငါး သိန်း ခန့် ကို ပြန်လည် ဝယ်ယူပြီး ပိုင်ရှင်တွေကို လျော်ကြေးငွေ ပေး ရမှာ ဖြစ်လို့ ဒေါ်လာ ၁၀ ဘီလျံခန့် ကုန်ကျမှာ ဖြစ်ပါတယ်။

နောက်ထပ် ဒေါ်လာ ၅ ဘီလျံ ခန့် ကိုတော့ သဘာဝ ပတ်ဝန်းကျင် ပြုပြင် ထိန်းသိမ်း ဖို့ အတွက် ပေးလျော်ရမှာ ဖြစ်ပါတယ်။

ဂျာမန် ကားကုမ္ပဏီ ကြီး ဗောက်စ်ဝက်ဂွန် ဟာ လှည့်စားတဲ့ အနေနဲ့ ဒီဇယ် ကားတွေမှာ ဓါတ်ငွေ့ ထုတ်လွှတ်မှု လျော့နည်းပြီး ပြသအောင် ကွန်ပျူတာ ညွှန်ကြားချက်တွေ တပ်ဆင် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ