အယ်လ်ဗင် တော်ဖလာ ကွယ်လွန်

  • 30 ဇွန် 2016
computer ဓာတ်ပုံ မူပိုင် iStock
Image caption ကွန်ပျူတာ နည်းပညာသုံး စီးပွားရေး ထွန်းကားလာ

ကမ္ဘာမှာ ဒစ်ဂျစ်တယ် နည်းပညာ တခေတ်ဆန်းလာမှာကို ကြိုတင် ခန့်မှန်းခဲ့တဲ့ စာရေးဆရာ အယ်လ်ဗင် တော်ဖလာ ဟာ အသက် ၈၇ နှစ် အရွယ်မှာ လော့ဆန်းဂျလိစ် မြို့မှာ တနင်္လာ နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

ဒီနည်းပညာကြောင့် ကမ္ဘာမှာ ပြောင်းလဲမှု ရိုက်ခတ် လာမယ်လို့ ' အနာဂတ် ရိုက်ခတ်မှု' စာအုပ်မှာ သူက ရေးသားခဲ့တာပါ။

တော်ဖလာ ဟာ ၁၉၇ဝ ပြည့်နှစ်က ဒီ စာအုပ်ကို ဇနီးသည် ဟိုင်ဒီနဲ့ တွဲဖက် ရေးသား ခဲ့ပါတယ်။

သူက ကမ္ဘာကြီးဟာ စက်မှု နည်းပညာတွေကို သုံးစွဲနေရာက ကွန်ပျူတာ အခြေခံတဲ့ နည်းပညာသုံး စီးပွားရေး စနစ်တွေ ထွန်းကားလာမယ်၊ ဒါဟာ လူသား မျိုးနွယ်တွေ အတွက် စိန်ခေါ်မှုတွေ နဲ့ အတူ ကောင်းကျိုး တွေ ရစေမယ်လို့ ကြိုတင် ခန့်မှန်းခဲ့သူ ဖြစ်ပါတယ်။