ကွန်ဆာဗေးတစ် ခေါင်းဆောင်နေရာ အကြိတ်အနယ်

  • 30 ဇွန် 2016
gove ဓာတ်ပုံ မူပိုင် Getty
Image caption တရားရေး ၀န်ကြီး မိုက်ကယ် ဂိုးဗ်

ဗြိတိန်က ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်နေရာ အတွက် လန်ဒန်မြို့တော်ဝန်ဟောင်း ဘောရစ်ဂျွန်ဆင် ၀င်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ပါဘူး။

သူဟာ တကယ်တော့ အီးယူကနေ ဗြိတိန် ခွဲထွက်ဖို့ မဲဆွယ် စည်းရုံးမှုတွေ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

အဲဒီ မဲဆွယ်ပွဲတွေမှာ ပါ၀င် လှုပ်ရှားခဲ့တဲ့ တရားရေး ၀န်ကြီး မိုက်ကယ် ဂိုးဗ်က သူ့နေရာမှာ ဝင်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံက အီးယူအဖွဲ့ဝင်အဖြစ်က နှုတ်ထွက်ဖို့ ဆန္ဒခံယူပွဲနဲ့ ဆုံးဖြတ်ပြီးတဲ့အခါ လက်ရှိဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း ရာထူးက နှုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။

သူ့နေရာကို ဆက်ခံမယ့်သူကို ပါတီဝင်တွေက ရွေးချယ်မှာဖြစ်ပြီး စက်တင်ဘာ ၉ ရက်မှာ အဖြေထွက်မှာ ဖြစ်ပါတယ်။ နောက်ဆုံး အချိန်အထိ အာဏာရ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင်အဖြစ် ယှဉ်ပြိုင်မယ့်သူ ၅ ယောက် ထွက်လာပါတယ်။

ဓာတ်ပုံ မူပိုင် Getty
Image caption ပြည်ထဲရေးဝန်ကြီး ထရီဆာမေ
ဗြိတိန်ရဲ့ လက်ရှိအစိုးရကို ဘယ်သူ ဆက်ခေါင်းဆောင်မလဲ

ဒီထဲမှာ လက်ရှိ တရားရေး ဝန်ကြီး မိုက်ကယ်ဂိုး၊ ပြည်ထဲရေးဝန်ကြီး ထရီဆာမေ၊ ကာကွယ်ရေးဝန်ကြီးဟောင်း Liam Fox ၊ အငယ်တန်းဝန်ကြီး စတီဗင် ခရက်နဲ့ ခွဲထွက်ရေးဘက်က အငယ်တန်းဝန်ကြီး Andrea Leadson တို့ ပါဝင်ကြပါတယ်။

ဒီအထဲမှာ လက်ရှိ ပြည်ထဲရေး ဝန်ကြီးမေက သူ့အနေနဲ့ လူထုဆန္ဒခံယူပွဲ နောက်ပိုင်း တိုင်းပြည် ပြန်စည်းလုံး ညီညွတ်အောင် ရည်ရွယ်ပြီး ဝန်ကြီးချုပ် ဝင်အရွေးခံမယ်လို့ ပြောပါတယ်။

ဗြိတိန်အနေနဲ့ ဘာမှ ထူးပြီး ပြောင်းလဲလာဖို့ မရှိဘူးလို့ နိုင်ငံခြားသားတွေကို အာမခံသွားပါတယ်။

တကမ္ဘာလုံးအတွက် စဉ်းစားပြီး စီးပွားရေး လုပ်ငန်းတွေနဲ့ ပြည်ပ ပညာရှင်တွေကို နဂိုအတိုင်း လက်ခံသွားမယ်လို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ယူကေအနေနဲ့ အီးယူက မထွက်ရေးကို ယုံကြည်တဲ့ ထရီဆာမေဟာ အီးယူက ထွက်ရေး အတွက် ဒုတိယအကြိမ် ဆန္ဒတောင်းခံမှာမဟုတ်ဘူးလို့ ပြောဆိုနေလို့ လူကြိုက်များ နေပါတယ်။

တဖက်ကလည်း တရားရေးဝန်ကြီးမိုက်ကယ်ဂိုး ခေါင်းဆောင်တဲ့ အီးယူကထွက်ဖို့ ကြိုးပမ်းတဲ့ အုပ်စုကလည်း အနာဂတ် အတွက် ဘယ်လိုအသေအချာ ပြင်ဆင်ထားတယ် ဆိုတာ လက်ရှိ ဖြစ်ပျက်နေတာတွေ အရ စဉ်းစားစရာ ဖြစ်နေတယ် လို့ ဘီဘီစီ လန်ဒန်သတင်းထောက် Rob Watson က ပြောပါတယ်။

ပထမဆုံး ပါတီတွင်း အမတ်တွေက လာမယ့် အင်္ဂါနေ့မှာ မဲစပေးကြမှာဖြစ်ပြီးအဲဒီထဲက မဲအနည်းဆုံး ရသူတွေ ပြုတ်သွားမှာပါ။

နောက်တကြိမ်ကို ကြာသပတေးနေ့မှာ မဲပေးမှာဖြစ်ပြီး နောက်ဆုံး ၂ ယောက် ကျန်တဲ့အထိ ရွေးကြရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ