ဒါ့ကား လူချမ်းသာ ရပ်ကွက်ထဲက ကဖေးဆိုင်ကို သေနတ်သမားတွေ စီးနင်းထား

  • 1 ဇူလိုင် 2016
_bangladesh_attack_
Image caption ရဲ တစ်ဦး သေဆုံးကြောင်း အတည်ပြုထား။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒါ့ကားမှာ သေနတ်သမားတွေက ကဖေးဆိုင် တစ်ခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ပြီး၊ အထဲမှာ ဓားစာခံ တချို့ကို ဖမ်းဆီး ထားပါတယ်။

နိုင်ငံခြားသား အယောက် ၂၀ လောက်ထိ ဖမ်းဆီး ခံထားရတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါ့ကား မြို့စွန် လူချမ်းသာ ရပ်ကွက် တစ်ခုထဲက ကဖေး ဆိုင်ကို သေနတ်တွေ၊ ဓားတွေ ကိုင်ဆောင် ထားတဲ့ လူငယ် ၈ ယောက် ဝန်းကျင် တိုက်ခိုက် ခဲ့တာ ဖြစ်တယ်လို့ မျက်မြင် သက်သေ တစ်ဦးက ပြောပါတယ်။

အဲဒီ့ သူတွေဟာ ဗုံးတွေ ခွဲခဲ့သလို၊ သေနတ်တွေနဲ့လည်း ပစ်ခတ် ခဲ့တယ်လို့ ဆိုပါတယ်။

လောလောဆယ် အတည် ပြု ထား နိုင်သမျှ ရဲ တစ်ဦး သေဆုံး ခဲ့ပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS က ဒီ တိုက်ခိုက် မှုရဲ့ နောက်ကွယ်မှာ သူတို့ ရှိတယ်လို့ ပြောပါတယ်။

တကယ်သာ IS အဖွဲ့ တိုက်ရိုက် ပတ်သက် နေတယ် ဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ တိုက်ခိုက်မှုတွေကို အကြီးအကျယ် အရှိန်မြှင့် ပြုမူ ကျူးလွန် လာတာပဲလို့ ဘီဘီစီရဲ့ တောင်အာရှ ရေးရာ အယ်ဒီတာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစုဝင တစ်ဦးချင်းစီ အပေါ် အစ္စလာမ်မစ် စစ်သွေးကြွ တွေလို့ ယူဆ ရသူတွေက ပစ်မှတ် ထား တိုက်ခိုက် နေတာ ကနေ အခုလို အခြေအနေ မျိုးထိ ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ