သြစတြေးလျ အထွေထွေရွေးကောက်ပွဲ ကျင်းပ

  • 2 ဇူလိုင် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ဝန်ကြီးချုပ်က ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့ တောင်းဆို ခဲ့

ဩစတြေးလျ နိုင်ငံမှာ ကျင်းပ နေတဲ့ အထွေထွေ ရွေးကောက်ပွဲ မဲရေ တွက်မှုတွေကို စတင် ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဩစတြေးလျ အထွေထွေ ရွေးကောက်ပွဲမှာနိုင်ငံသား တွေက မဲပေးမှုကို မဖြစ်မနေ ပြု လုပ်ရတာ ဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် တွေက ညွှန့်ပေါင်း အစိုးရ ဖွဲ့ ဖို့ လက်ရှိ ဝန်ကြီးချုပ် မဲကွန် တန်ဘူးလ် ရဲ့ တောင်းဆို ချက်ကို တားမြစ် ခဲ့ပြီးနောက် ဝန်ကြီးချုပ်က ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ် က တည်ငြိမ်တဲ့ အစိုးရ တစ်ရပ် ပေါ်ပေါက်လာရေး အတွက် ဝိုင်းဝန်း မဲပေး ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

ဩစတြေးလျ အတိုက်အခံ ခေါင်းဆောင် ဘေလ် ရှော့တန် က တော့ စီးပွားရေး လုပ်ငန်း တွေကို အခွန် တိုးမြှင့် ကောက်ခံပြီး စာသင်ကျောင်းတွေမှာ ပိုမို ထောက်ပံ့ ပေးဖို့ တောင်းဆို နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ